Zawgyi

Razer ဟာ Gaming Laptop ေတြ၊ Gaming Accessories ေတြေရာင္းခ်တာနဲ႔တင္ နာမည္ႀကီးတာ မဟုတ္ဘဲ အရည္အေသြးျမင့္ Gaming Phone ေတြကိုပါ မိတ္ဆက္ခဲ့တာျဖစ္ပါတယ္။ ၂၀၁၇ ခုႏွစ္တုန္းက မိတ္ဆက္ခဲ့တဲ့ Razer Phone ဟာ လက္ရွိ Gaming Phone ေတြထဲမွာ အေစာဆုံးထြက္ရွိခဲ့တဲ့ စမတ္ဖုန္းတစ္လုံးလို႔ေတာင္ ေျပာလို႔ရပါတယ္။

အခုအခ်ိန္မွာေတာ့ Razer ကေန Gaming Smartphone ေတြ ထုတ္လုပ္မႈကို Razer Phone 2 အၿပီးမွာ ရပ္ဆိုင္းလိုက္ၿပီျဖစ္ပါတယ္။ ဒါေပမယ့္လည္း အခုေလာေလာဆယ္မွာ Razer Brand နဲ႔ Gaming Phone တစ္လုံးကို လိုခ်င္တဲ့သူေတြအတြက္ Razer Phone 2 ကို Amazon နဲ႔ Razer Website ေတြမွာ ေစ်းေလ်ာ့ေရာင္းခ်ေနပါတယ္။

Razer ဟာ Razer ဖုန္းကို မိတ္ဆက္တုန္းက $799 နဲ႔ ေရာင္းခ်ခဲ့တာျဖစ္ၿပီး အခုႏွစ္အေစာပိုင္းမွာ $399 အထိ ေစ်းခ်ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ အဆိုပါေစ်းကို ေနာက္ထပ္ $100 အထိ ေလ်ာ့လိုက္ၿပီး $299 နဲ႔ Razer , Amazon Website ေတြကေန ေရာင္းခ်ေနတာပါ။ အခုေရာင္းခ်တာက Refurbished မဟုတ္ဘဲ လုံးဝအသစ္ျဖစ္တဲ့အတြက္ ေတာ္ေတာ္ေလးကို တန္တယ္လို႔ ေျပာရမွာပါ။

Razer Phone 2 ဟာ 5.7″ QuadHD LCD Display ပါဝင္ၿပီးေတာ့ 120Hz Refresh Rate ကို Support ျပဳလုပ္တာပဲျဖစ္ပါတယ္။ အဲ့ဒီအတြက္ Gaming Experience က ပုံမွန္ထက္ Smooth ျဖစ္ေနမွာျဖစ္သလို Performance ပိုင္းအရလည္း Snapdragon 845 Processor ၊ RAM 8GB နဲ႔ 64GB Storage ပါဝင္တဲ့အတြက္ အခုအခ်ိန္မွာလည္း သုံးလို႔အဆင္ေျပတဲ့အဆင့္တစ္ခုရွိေနပါေသးတယ္။

Camera ပိုင္းအေနနဲ႔ကေတာ့ 12MP Primary Sensor နဲ႔ 12MP Telephoto Sensor ပါဝင္မွာျဖစ္သလို 8MP Selfie Camera ပါဝင္မွာပါ။ Stereo Speakers ပါဝင္တဲ့အျပင္ 4000mAh Battery နဲ႔ Wireless Charging ကိုပါ Support ျပဳလုပ္မွာျဖစ္ပါတယ္။

ဘာပဲျဖစ္ျဖစ္ $299 အထိ ေစ်းေလ်ာ့ထားတဲ့အတြက္ ျမန္မာေငြနဲ႔တြက္မယ္ဆိုရင္ ၄ သိန္းခြဲေက်ာ္ပဲက်သင့္မွာျဖစ္တဲ့အတြက္ Gaming Phone တစ္ခုအေနနဲ႔ဆိုရင္ တန္တယ္လို႔ ေျပာရမွာပါ။

Ref – Phone Arena

Unicode

Razer ဟာ Gaming Laptop တွေ၊ Gaming Accessories တွေရောင်းချတာနဲ့တင် နာမည်ကြီးတာ မဟုတ်ဘဲ အရည်အသွေးမြင့် Gaming Phone တွေကိုပါ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ Razer Phone ဟာ လက်ရှိ Gaming Phone တွေထဲမှာ အစောဆုံးထွက်ရှိခဲ့တဲ့ စမတ်ဖုန်းတစ်လုံးလို့တောင် ပြောလို့ရပါတယ်။

အခုအချိန်မှာတော့ Razer ကနေ Gaming Smartphone တွေ ထုတ်လုပ်မှုကို Razer Phone 2 အပြီးမှာ ရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုလောလောဆယ်မှာ Razer Brand နဲ့ Gaming Phone တစ်လုံးကို လိုချင်တဲ့သူတွေအတွက် Razer Phone 2 ကို Amazon နဲ့ Razer Website တွေမှာ စျေးလျော့ရောင်းချနေပါတယ်။

Razer ဟာ Razer ဖုန်းကို မိတ်ဆက်တုန်းက $799 နဲ့ ရောင်းချခဲ့တာဖြစ်ပြီး အခုနှစ်အစောပိုင်းမှာ $399 အထိ စျေးချခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ အဆိုပါစျေးကို နောက်ထပ် $100 အထိ လျော့လိုက်ပြီး $299 နဲ့ Razer , Amazon Website တွေကနေ ရောင်းချနေတာပါ။ အခုရောင်းချတာက Refurbished မဟုတ်ဘဲ လုံးဝအသစ်ဖြစ်တဲ့အတွက် တော်တော်လေးကို တန်တယ်လို့ ပြောရမှာပါ။

Razer Phone 2 ဟာ 5.7″ QuadHD LCD Display ပါဝင်ပြီးတော့ 120Hz Refresh Rate ကို Support ပြုလုပ်တာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် Gaming Experience က ပုံမှန်ထက် Smooth ဖြစ်နေမှာဖြစ်သလို Performance ပိုင်းအရလည်း Snapdragon 845 Processor ၊ RAM 8GB နဲ့ 64GB Storage ပါဝင်တဲ့အတွက် အခုအချိန်မှာလည်း သုံးလို့အဆင်ပြေတဲ့အဆင့်တစ်ခုရှိနေပါသေးတယ်။

Camera ပိုင်းအနေနဲ့ကတော့ 12MP Primary Sensor နဲ့ 12MP Telephoto Sensor ပါဝင်မှာဖြစ်သလို 8MP Selfie Camera ပါဝင်မှာပါ။ Stereo Speakers ပါဝင်တဲ့အပြင် 4000mAh Battery နဲ့ Wireless Charging ကိုပါ Support ပြုလုပ်မှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် $299 အထိ စျေးလျော့ထားတဲ့အတွက် မြန်မာငွေနဲ့တွက်မယ်ဆိုရင် ၄ သိန်းခွဲကျော်ပဲကျသင့်မှာဖြစ်တဲ့အတွက် Gaming Phone တစ်ခုအနေနဲ့ဆိုရင် တန်တယ်လို့ ပြောရမှာပါ။

Ref – Phone Arena