realme ဟာ အစောပိုင်းတုန်းက realme 10 Series ဖုန်းတွေကို တရားဝင်မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ အဆိုပါ ဖုန်းတွေက realme 10 4G ၊ realme 10 5G ၊ realme 10 Pro နဲ့ realme 10 Pro+ ဖုန်းတွေပါဝင်ပြီးတော့ အခုလည်း နောက်ထပ် realme 10s နာမည်နဲ့ ဖုန်းအသစ်တစ်လုံးကိုထပ်မံမိတ်ဆက်လိုက်ပါပြီ။

realme 10s ဖုန်းဟာ Processor ပိုင်းမှာ MediaTek ရဲ့ Dimensity 810 Chipset ကို အသုံးပြုထားပြီးတော့ RAM 8GB ပါဝင်မှာဖြစ်ပါတယ်။ Storage ပိုင်းမှာတော့ အမြင့်ဆုံး 256GB အထိ ပါဝင်မှာဖြစ်ပြီး MicroSD Card ကနေတစ်ဆင့် 1TB အထိ တိုးမြှင့်နိုင်မှာဖြစ်ပါတယ်။ Camera ပိုင်းမှာတော့ Dual Camera Setup ကိုအသုံးပြုထားပြီး 50MP Main Camera အပြင် Depth Camera တစ်လုံးကို ထည့်သွင်းပေးထားပါတယ်။

Selfie Camera ပိုင်းမှာတော့ 8MP Camera ကို Waterdrop Notch Design နဲ့ ပြုလုပ်ထားပြီး 90Hz Refresh Rate အပြင် Full HD+ Resolution ထောက်ပံ့ပေးထားတဲ့ 6.6″ LCD Display ပါဝင်မှာဖြစ်ပါတယ်။ Fingerprint Sensor ကိုတော့ ဘေးဘက် Power Button မှာပဲ Side Mounted အနေနဲ့ ထည့်သွင်းထားပါတယ်။

ကျန်တဲ့ Feature တွေအနေနဲ့ကတော့ 33W Fast Charging ပါဝင်တဲ့ 5000mAh Battery ၊ Android 12 ကိုအခြေခံထားတဲ့ realme UI 3.0 တွေပါဝင်မှာဖြစ်ပါတယ်။ အရောင်အနေနဲ့ Blue နဲ့ Black ဆိုပြီး ထုတ်လုပ်ထားပြီး စျေးနှုန်းအနေနဲ့ RAM 8GB ၊ 128GB Version ကို ၁,၀၉၉ ယွမ် (ဒေါ်လာ ၁၅၇ ဝန်းကျင်) ကနေ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref – GSM Arena