realme 11 Series ကို ဒီနှစ် အစောပိုင်းက ကြေညာခဲ့ပြီး realme 11, realme 11 Pro နဲ့ realme 11 Pro+ တို့ ပါဝင်ပါတယ်။ အဲဒီဖုန်း ၃ လုံးမှာ 5G ဆက်သွယ်မှု ပါပြီး အခုတော့ နိုင်ငံတကာဈေးကွက်အတွက် မော်ဒယ် အသစ် ၂ လုံးကို ကြေညာလိုက်ပါတယ်။ realme 11 5G ကို ထိုင်ဝမ်နဲ့ realme 11 4G ကို ဗီယက်နမ်မှာ မိတ်ဆက်လိုက်ပါတယ်။

Realme 11 5G core specs

realme 11 5G မှာ 5G ဆက်သွယ်မှု ပါလာပြီး Dimensity 6100+ Chipset မောင်းနှင်ထားပါတယ်။ အဲဒီ Chipset ပါတဲ့ပထမဆုံး ဖုန်း ဖြစ်ပါတယ်။ realme 11 4G မှာ Helio G99 SoC ထည့်ထားပါတယ်။

realme 11 5G မှာ 6.72” IPS LCD FHD+ မျက်နှာပြင်နဲ့ 120Hz Refresh Rate ပါလာပါတယ်။ 4G မော်ဒယ်မှာ ပိုသေးတဲ့ 6.4” AMOLED FHD+ မျက်နှာပြင်နဲ့ 90Hz Refresh Rate ပါပါတယ်။ ၂ လုံးစလုံးမှာ 16MP အရှေ့ ကင်မရာ တပ်ဆင်ထားပါတယ်။

အနောက်ကင်မရာတွေ အကြောင်းပြောရရင် 5G မှာ 108MP ISOCELL HM6 Main, 2MP Depth တွေ ထည့်ထားပါတယ်။ 4G မှာ 108MP Main, 2MP Monochrome ကင်မရာ တပ်ဆင်ထားပါတယ်။ ၂ လုံးစလုံးမှာ Android 13 အခြေပြု realme UI 4.0 မောင်းနှင်ထားပြီး 67W SuperVOOC Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါပါတယ်။

Realme 11 4G (left) and Realme 11 5G (right)Realme 11 4G (left) and Realme 11 5G (right)

realme 11 4G အတွက် Black နဲ့ Gold အရောင်တွေ ထုတ်လုပ်ထားပြီး 8/128GB ကို ၃၁၂ ဒေါ်လာနဲ့ 8/256GB ကို ၃၃၇ ဒေါ်လာ သတ်မှတ်ထားပါတယ်။ realme 11 5G အတွက် Black နဲ့ Gold အရောင်တွေ ထုတ်လုပ်ထားပြီး 8/256GB ကို ၂၈၆ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gsmarena