realme က တရုတ်မှာ မေလက realme 11 5G, realme 11 Pro နဲ့ realme 11 Pro+ 5G ကို ကြေညာခဲ့ပါတယ်။ Pro မော်ဒယ် ၂ လုံးကို တရုတ်ပြင်ပမှာ ရောင်းချပေးထားပါတယ်။ အခုတော့ realme 11 5G ကို နိုင်ငံတကာမှာ ရောင်းချတော့မယ်လို့ ထင်ပါတယ်။ အဲဒီဖုန်းကို ထိုင်းရဲ့ NBTC နဲ့ အိန္ဒိယရဲ့ BIS Certification မှာ ခွင့်ပြုထားပြီဖြစ်တဲ့အတွက် မကြာခင် ကြေညာနိုင်ပါတယ်။

Realme RMX3780 NBTC

realme 11 5G နိုင်ငံတကာ မော်ဒယ်ဟာ တရုတ် မော်ဒယ်နဲ့ ကွဲပြားနိုင်ပါတယ်။ တရုတ် အလုံးရဲ့ မော်ဒယ်နံပါတ်က RMX3751 ဖြစ်ပြီး နိုင်ငံတကာ အလုံးရဲ့ မော်ဒယ်နံပါတ်က RMX3780 ဖြစ်ပါတယ်။

NBTC နဲ့ BIS မှာ အဲဒီဖုန်းရဲ့ Specs တွေကို မဖော်ပြထားပါဘူး။ အဲဒီဖုန်းကို FCC မှာလည်း အရင်က မှတ်ပုံတင်ထားပါတယ်။

Realme RMX3780 BIS

FCC မှာ realme 11 5G ရဲ့ အရွယ်အစားဟာ 165.66 x 74.98 x 8.09mm နဲ့ အလေးချိန်က ၁၉၂ ဂရမ် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ Android 13 အခြေပြု realmle UI 4.0 ထည့်သွင်းထားပြီး 4,890mAh Battery ပါပါတယ်။

တရုတ်က realme 11 5G မှာ 6.43” S-AMOLED FHD+ မျက်နှာပြင်နဲ့ 90Hz Refresh Rate ပါလာပြီး အရှေ့ဘက်မှာ 8MP ကင်မရာ ၁ လုံးနဲ့ အနောက်ဘက်မှာ 64MP Main ,2MP Depth ကင်မရာ ၂ လုံး တပ်ဆင်ထားပါတယ်။ Dimensity 6020 Chipset ၊ 12GB LPDDR4x RAM ၊ 128GB UFS 2.2 Storage နဲ့ 33W Fast Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါပါတယ်။

Ref : gizmochina