realme 11 Pro Series နှင့်ရိုက်ကူးထားသည့်ဓာတ်ပုံများကို ကြည့်ရှုခံစားရင် ဆုငွေတစ်သိန်း ရယူနိုင်မည့် အစီအစဉ်ကို realme Myanmar Facebook page မှတစ်ဆင့် ပါဝင်နိုင်မည်ဖြစ်ပြီး၊ အဆိုပါ Social Campaign တွင် ကံထူးရှင် ၉ ယောက်အထိရွေးချယ်သွားမည် ဖြစ်ပါသည်။

4x Lossless Zoom

realme Myanmar (Facebook Page) မှတစ်ဆင့် ပြသမိတ်ဆက်ပေးထားသည့် 11 Pro Series နှင့်ရိုက်ကူး ထားသော Photography Campaign တွင် မိမိနှစ်သက်ရာဓာတ်ပုံတစ်ပုံကို ရွေးချယ်ပြီး သက်ဆိုင်ရာ Campaign Post အောက်တွင် Comment သွားမန့်ပေးရုံနှင့် ဆုငွေကျပ်တစ်သိန်းကို ဆွတ်ခူးရရှိနိုင်မည် ဖြစ်ကာ ကံထူးရှင် ၉ ယောက်အထိ ရွေးချယ်ပေးသွားမည်ဖြစ်သည်။

4x Lossless Zoom

အဆိုပါ Photography Campaign ၏ရည်ရွယ်ချက်မှာ realme ကနောက်ဆုံးထွက်ရှိထားသည့် realme 11 Pro Series တွင်ပါဝင်သော ထူးခြားသာလွန်သည့် 200MP ကင်မရာဖြင့်ဖန်တီးရိုက်ယူနိုင်ခြင်းကို သုံးစွဲသူများလေ့လာသိရှိစေရန်နှင့် ဓာတ်ပုံတွင်ပါဝင်သည့် မြန်မာပြည်၏အထင်ကရနေရာများနှင့် သဘာဝဓလေ့များကို ရသဆန်သော အနုပညာ တန်ဖိုးတစ်ခုအနေဖြင့်ပါ ခံစားနိုင်စေရန်ပင်ဖြစ်သည်။

Campaign အသေးစိတ်အချက်အလက်များကို အောက် ဖော်ပြပါ Link ကိုဝင်ရောက်လေ့လာကာ ပါဝင်နိုင်ပါသည်။
(Photography Campaign အား ဝင်ရောက်ရန် ယခုစာသားကို နှိပ်ပါ)

ယခု Photography Campaign တွင် ပါဝင်သော ဓာတ်ပုံများကို ဓာတ်ပုံဆရာများဖြစ်သည့် ဆရာ ကျော်ကျော်ဝင်း (X-Photographer) နှင့် ဆရာ ပိုက်ထွေးကျော် တို့က မြန်မာပြည်၏အထင်ကရနေရာတချို့ကို သွားရောက်ကာ realme 11 Pro Series ဖြင့် အားထုတ်ရိုက်ကူးထားခြင်းဖြစ်သည်။

realme 11 Pro Series တွင် realme 11 Pro+ (5G) နှင့် realme 11 Pro (5G) မော်ဒယ်၂မျိုးရှိမည်ဖြစ်ပြီး
အဓိကအားသာချက်များအဖြစ် realme 11 Pro+ (5G) တွင် 200MP ပင်မကင်မရာနှင့်အတူ ရုပ်ထွက်အရည် အသွေးကိုကျဆင်းသွားခြင်းမရှိဘဲ မြင်ကွင်းကို ၄ဆချဲ့ ယူရိုက်ကူးနိုင်စေမည့် 4x Lossless Zoom စနစ်ပါဝင်ကာ နာရီဝက်အတွင်းအားအပြည့်သွင်းနိုင်စေမည့် 100W SUPERVOOC Charge စနစ်ကိုထောက်ပံ့ပေးထား သည်။

RAM12+ROM512 (GB) Version တစ်မျိုးတည်းကိုသာ တင်သွင်းရောင်းချပေးမည်ဖြစ်ပြီး ၁,၇၉၉,၉၀၀ ကျပ် ဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။ အရောင်အနေဖြင့် Sunrise Beige နှင့် Oasis Green ၂မျိုးကိုရွေးချယ်နိုင်မည်ဖြစ် သည်။

100MP Pro ကင်မရာနှင့် 67W အားအမြန်သွင်းစနစ်ပါဝင်သည့် realme 11 Pro အတွက် RAM8+ROM256 (GB) Version ကိုရောင်းချပေးသွားမည်ဖြစ်ပြီး စျေးနှုန်းမှာ ၁,၄၉၉,၉၀၀ ကျပ်ကျသင့်မည်ဖြစ်သည်။ အရောင် ရွေးချယ်မှုအတွက် Sunrise Beige နှင့် Astral Black တို့ကို ရရှိမည်ဖြစ်သည်။

စက်တင်ဘာလမတိုင်ခင်အထိ ကြိုတင်မှာယူပါက အထူးအခွင့်အရေးအဖြစ် တစ်သိန်းခွဲ (၁၅၀၀၀၀ ကျပ်) တိတိသက်သာခွင့်နှင့်အတူ အခြားလက်ဆောင်များကိုပါ ရရှိနိုင်မည်ဖြစ်သည်။

လှပလွန်းတဲ့ ဓာတ်ပုံလေးတွေကို ကြည့်ရှုခံစားရင်း ဆုငွေတစ်သိန်းကို ကံစမ်းရယူလိုက်ကြပါစို့။

(Photography Campaign အား ဝင်ရောက်ရန် ယခုစာသားကို နှိပ်ပါ)

 

realme: Media Release