realme ရဲ့ Number Series ဖုန်းတွေဟာ အမြဲလိုလို စျေးကွက်အတွင်းမှာ ရောင်းအားကောင်းတဲ့ဖုန်းတွေအဖြစ် နေရာယူနေကြဖြစ်ပါတယ်။​ နောက်ဆုံးအနေနဲ့ realme 10 Series ကို မိတ်ဆက်ထားခဲ့သလို အခုလည်း နောက်ထပ် realme 11 Series ကို မကြာခင်မှာ မိတ်ဆက်သွားဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။

အဆိုပါသတင်းအရ realme ဟာ realme 11 Series ဖုန်းတွေကို လာမယ့် မေလအတွင်းမှာ တရားဝင်မိတ်ဆက်တော့မှာပဲဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံတွင်းမှာပဲ အရင်ဆုံးမိတ်ဆက်မှာဖြစ်တာကြောင့် Global စျေးကွက်မှာတော့ အနည်းငယ်နောက်ကျပြီးမှ မိတ်ဆက်လာမယ်လို့ ယူဆရပါတယ်။

realme 11 Series ဖုန်းတွေထဲမှာ realme 11 Pro+ ဖုန်းက အကောင်းဆုံးဖြစ်လာမှာဖြစ်ပြီး Chinese Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ရဲ့ ပြောကြားချက်အရ Specification အချို့ကို ကြိုတင်သိရခဲ့ပါတယ်။ သူ့ရဲ့ ပြောကြားချက်အရ realme 11 Pro+ ဖုန်းဟာ MediaTek ရဲ့ Dimensity 7- Series Chipset အသစ်ကို အသုံးပြုလာမှာဖြစ်ပြီး Clock Speed အနေနဲ့ 2.6GHz ရှိမှာဖြစ်ပါတယ်။

ဒါ့အပြင် Camera ပိုင်းမှာ 200MP Main Camera ပါဝင်လာမှာဖြစ်ပြီး Samsung ရဲ့ ISOCELL HP3 Sensor ဖြစ်မယ်လို့ ယူဆရပါတယ်။ Ultrawide Camera အနေနဲ့ 8MP Sensor အပြင် 2MP Sensor တစ်ခုလည်း ပါဝင်မယ်လို့ သိရပါတယ်။​ 6.7″ AMOLED Curved Display ကို အသုံးပြုထားပြီး Full HD+ Resolution ထောက်ပံ့ပေးထားမှာဖြစ်ပါတယ်။

ထူးခြားချက်တစ်ခုက realme 11 Pro+ ဖုန်းဟာ 5000mAh Battery ကိုမှ 80W နဲ့ 100W ဆိုပြီး Fast Charging ၂ မျိုးနဲ့ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ အမြင့်ဆုံး RAM 16GB အပြင် 1TB Storage တွေပါဝင်လာမယ့်အပြင် ဖုန်းကလည်း 183g ပဲ​အလေးချိန်ရှိမယ်လို့ သိရပါတယ်။

Ref – GSM Arena