realme က နောက်လမှာ 11 Series ကို ကြေညာမှာ ဖြစ်ပြီး Teaser တွေအရ အနောက်ဘက်မှာ စက်ဝိုင်းပုံသဏ္ဍာန် ကင်မရာ Island ပါလာတာမြင်ရပါတယ်။ အခုတော့ realme 11 Series ထဲက ဖုန်း ၁ လုံးရဲ့ ဓါတ်ပုံတွေ ပေါက်ကြားလာပြီး အနောက်ဘက်ဟာ Fancy ဒီဇိုင်း ဖြစ်ကာ စက်ဝိုင်းပုံသဏ္ဍာန် ကင်မရာ Island ထည့်သွင်းထားပါတယ်။

Realme 11 smartphone appears in spy photos

အနောက်ဘက်ကို Vegan Leather နဲ့ ဖုံးအုပ်ထားပြီး ရွှေရောင် ပလတ်စတစ် သို့မဟုတ် ဖန် မျဉ်းကြောင်း ၁ ခုကို မြင်ရပါတယ်။

ဓါတ်ပုံအရ ဘေးဘက်တွေဟာ ပြားချပ်ပြီး အရွယ်ကြီး မျက်နှာပြင် တပ်ဆင်ထားနိုင်ပါတယ်။ အခုနောက်ပိုင်းမှာ ခေတ်စားလာတဲ့ စက်ဝိုင်းပုံသဏ္ဍာန် ကင်မရာ Island ကို အသုံးပြုထားပြီး ကုမ္ပဏီများစွာဟာ အဲဒီ ဒီဇိုင်းကို ထည့်သွင်းလာကြပါတယ်။

Realme 11 Pro+ full specification

အဲဒီဖုန်းဟာ realme 11, realme 11 Pro , realme 11 Pro+ ထဲက ဘယ်မော်ဒယ်လဲ ဆိုတာ မသိရသေးပါဘူး။ TENAA မှာ Pro Series မော်ဒယ် ၂ လုံးကို တွေ့လာရပြီ ဖြစ်ပြီး မကြေညာရသေးတဲ့ MediaTek Chipset ၊ OLED Panel နဲ့ 200MP Main ကင်မရာတွေ ထည့်သွင်းထားပါတယ်။

realme 11 Series ကို မေလမှာ ကြေညာနိုင်ပြီး မိတ်ဆက်ပွဲ ရက်အတိအကျကို လာမယ့် ရက်အနည်းငယ်အတွင်း ကုမ္ပဏီက ပြောကြားနိုင်ပါတယ်။

Ref : gsmarena