realme 12 နဲ့ 12+ စမတ်ဖုန်းတွေကို Bureau of Indian Standards (BIS) မှာ မှတ်ပုံတင်ထားပြီ ဖြစ်တဲ့အတွက် အိန္ဒိယမှာ ကြေညာဖို့ နီးနေပါပြီ။ realme 12 Pro Series ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့ ကြေညာထားပြီး Pro မဟုတ်တဲ့ မော်ဒယ်တွေကို အဲဒီနောက် မကြာခင် ကြေညာနိုင်ပါတယ်။

Realme 12 Realme 12+ BIS

realme 12+ ကို အမေရိကန် ဆက်သွယ်ရေးကော်မရှင် (FCC) မှာလည်း မှတ်ပုံတင်ထားပြီး စိတ်ဝင်စားစရာကောင်းတဲ့ လုပ်ဆောင်ချက်နဲ့ ဒီဇိုင်းကို သိလာရပါတယ်။ FCC က ဓါတ်ပုံအရ realme 12+ ဟာ realme 12 Pro နဲ့ အများကြီး တူညီပြီး အနောက်ဘက်မှာ စက်ဝိုင်းပုံ ကင်မရာ Island ထည့်သွင်းထားပါတယ်။ ကင်မရာ ၃ လုံးထဲမှာ Periscope Telephoto Lens ပါလာနိုင်ပါတယ်။

Realme 12 Pro, Realme 12 Pro+ Key Specifications Surface Online Ahead of Expected Launch | Technology News

အဲဒီဖုန်းမှာ 5,000mAh Li-on Polymer Battery တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ ( 4,880mAh Battery ဖြစ်နိုင်ပါတယ်။ ) Androiid 14 အခြေပြု realme UI 5.0 မောင်းနှင်ထားနိုင်ပါတယ်။

BIS နဲ့ FCC အပြင်  realme 12+ ကို MIIT, TDRA, NBTC, SIRIM နဲ့ SDPPI အပါအဝင် တခြား နိုင်ငံက အာဏာပိုင်တွေထံမှာ မှတ်ပုံတင်ထားပါတယ်။

realme 12 Pro နဲ့ 12 Pro+ ကိုတော့ ကြေညာပြီးသွားပြီးဖြစ်တဲ့အပြင် အခုက Specs တွေ ပေါက်ကြားလာကာ BIS ကို ရောက်လာတဲ့အတွက် Pro မဟုတ်တဲ့ ဗားရှင်းတွေကို သိပ်မကြာခင်မှာ မိတ်ဆက်နိုင်ပါတယ်။

Ref : gizmochina