realme က ဒီလ ၂၉ ရက်နေ့မှာ 12 Series စမတ်ဖုန်းတွေကို ကြေညာဖို့ ပြင်ဆင်နေပြီး အခုတော့ 12 Series ရဲ့ စွမ်းရည်အမြင့်ဆုံး ဖြစ်တဲ့ realme 12 Pro+ ရဲ့ အဓိက Specs တွေဟာ ဘူးခွံ ဓါတ်ပုံကနေ ပေါက်ကြားလာပါတယ်။

realme 12 Pro+ (RMX3840) မှာ AMOLED မျက်နှာပြင်ကွေး တပ်ဆင်ထားမှာ ဖြစ်ပြီး 120Hz Refresh Rate ထောက်ပံ့ထားမှာ ဖြစ်ပါတယ်။ အရင်ပေါက်ကြားသတင်းတွေအရ မျက်နှာပြင် အရွယ်အစားဟာ 6.7” နဲ့ Resolution က FHD+ ဖြစ်နိုင်ပါတယ်။ အဲဒီ စမတ်ဖုန်းမှာ Snapdragon 7s Gen 2 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 12GB RAM နဲ့ 512GB Storage အထိ ပါလာမှာ ဖြစ်ပါတယ်။

Realme 12 Pro series' cameras detailed, launch expected this month

ကင်မရာအကြောင်းပြောရရင် realme 12 Pro+ မှာ 50MP IMX890 Main ကင်မရာ ပါလာမှာ ဖြစ်ပြီး အရင်က BBK ရဲ့ စွမ်းရည်မြင့် စမတ်ဖုန်းတွေ ဖြစ်တဲ့ OnePlus 11 နဲ့ realme GT3 မှာလို တူညီတဲ့ 1/1.56” Sensor ဖြစ်နိုင်ပါတယ်။

64MP OmniVision OV64B Periscope Portrait ကင်မရာမှာ OIS ထောက်ပံ့ထားမှာ ဖြစ်ပါတယ်။ အဲဒီ Lens ဟာ 120x Digital Zoom အထိ ဖမ်းယူနိုင်မယ်လို့ ထင်ရပါတယ်။

Ref : gsmarena