realme 12 Pro မှာ Pro+ မှာလို Sony ကင်မရာ ဆန်ဆာ ပါလာမယ်လို့ ကုမ္ပဏီက ပြောပါတယ်။ realme 12 Pro မှာ IMX882 ဆန်ဆာ တပ်ဆင်ထားမှာ ဖြစ်ပြီး realme 12 Pro+ မှာ IMX890 ဆန်ဆာ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ realme 12 Pro မှာ Snapdragon 6 Gen 1 Chipset မောင်းနှင်ထားမယ်လို့ ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

Realme 12 Pro to have a new Sony IMX882 camera sensor, Snapdragon 6 Gen 1 chipset

အဲဒီ ကင်မရာ ဆန်ဆာကို တရားဝင် မကြေညာရသေးဘဲ realme 12 Pro ဟာ အဲဒီ ကင်မရာ ပါတဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာနိုင်ပါတယ်။ အဲဒီ ကင်မရာဟာ OPPO Reno 11 5G နဲ့ vivo S18e မှာ ပါတဲ့ LYT-600 ကို အမည်ပြောင်းထားတာလို့ တခြားသတင်းတွေက ပြောပါတယ်။

realme 12 Pro ရဲ့ ပင်မ ကင်မရာဟာ 50MP ဖြစ်နိုင်ပြီး ဓါတ်ပုံရိုက်တဲ့ အတွေ့အကြုံကို တော်လှန်ဆန်းသစ်ထားမယ်လို့ သိရပါတယ်။ realme 12 Pro ရဲ့ Cream Gold အရောင် ဓါတ်ပုံ ထွက်ပေါ်လာပြီး Periscope Lens တော့ မပါလာပါဘူး။ ကင်မရာ ၃ လုံးကို စတုရန်းပုံသဏ္ဍာန် ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

realme 12 Pro မှာ 20x Zoom ပါလာမှာ ဖြစ်ပြီး 10x Digital Zoom ပါတဲ့ 2x Telephoto Lens ဖြစ်နိုင်ပါတယ်။ realme 12 Pro ကို ဒီလ ၂၉ ရက်နေ့မှာ တရားဝင် ကြေညာတော့မှာ ဖြစ်ပါတယ်။

Ref : gsmarena