realme က တရုတ်မှာ မီဒီယာတွေ့ဆုံပွဲ ၁ ခု ပြုလုပ်ခဲ့ပြီး နောက်ထွက်မယ့် realme GT 5 Pro မှာ Periscope Zoom ကင်မရာ ပါလာမယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီပွဲအပြီးမှာ ကုမ္ပဏီက နောက်မျိုးဆက် Number Series စမတ်ဖုန်းတွေမှာလည်း အလားတူ ကင်မရာ ထည့်သွင်းထားမယ်လို့ ပြောခဲ့ပါတယ်။

Realme 12 Pro Plus Render

အခုတော့ Digital Chat Station က realme 12 Series မှာ မကြာခင်က ကြေညာခဲ့တဲ့ Snapdragon 7 Gen 3 Chip  မောင်းနှင်ထားမယ်လို့ သတင်းပေးလာပါတယ်။ သူက အဲဒီ စမတ်ဖုန်းတွေမှာ 64MP OmniVision OV64B 3x Periscope Telephoto ကင်မရာ တပ်ဆင်ထားမယ်လို့ ပြောပါတယ်။

Realme 12 Pro+ Camera Details Tipped; Said to Feature Periscope Lens Similar to Oppo Find X6 | Technology News

အဲဒီ SoC နဲ့ ကင်မရာဟာ နောက်ထွက်မယ့် realme 12 Pro Plus မှာ ပါလာနိုင်ပါတယ်။ Digital Chat Station က realme 12 Pro မှာ 32MP Sony IMX709 2x Telephoto ကင်မရာ တပ်ဆင်ထားမယ်လို့ အရင်က ပြောခဲ့ပါတယ်။

realme Number Series ဟာ Redmi Note Series ရဲ့ ပြိုင်ဖက်တွေ ဖြစ်ပါတယ်။ ကင်မရာ Specs တွေကို နှိုင်းယှဉ်ရင် realme 12 Series ဟာ Zoom ကင်မရာ မပါတဲ့ Redmi Note 13 Series ထက် အားသာမှာ ဖြစ်ပါတယ်။

လာမယ့် ရက်တွေအတွင်း realme 12 Series ရဲ့ သတင်းအချက်အလက်တွေ ပိုမို ထွက်ပေါ်လာနိုင်ပြီး အဲဒီ ဖုန်းတွေကို ကြေညာဖို့ ရက်သတ္တပတ် အနည်းငယ်ပဲလိုပါတော့တယ်။

Ref : gizmochina