realme က realme 13 Pro , 13 Pro+ ကို ကြေညာထားပြီး အခုတော့ အင်ဒိုနီးရှားမှာ realme 13 4G ကို ချပြလိုက်ပါတယ်။ ဈေးနှုန်းချိုသာပြီး အမိုက်စား Features တွေကို ထည့်သွင်းထားပါတယ်။
ဖုန်းမှာ 6.67” OLED Display တပ်ဆင်ထားပြီး 120Hz Refresh Rate , 180Hz Touch Sampling Rate , FHD+ Resolution နဲ့ 2,000 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ Display အောက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး နှလုံးခုန်နှုန်း တိုင်းတာနဲ့ ကိရိယာ အဖြစ်လည်း သုံးနိုင်ပါတယ်။ ရေစိုနေတဲ့ အချိန်မှာ အသုံးပြုနိုင်တဲ့ “ Rain Water Touch “ Feature ပါပါတယ်။
Snapdragon 685 Processor မောင်းနှင်ထားပြီး 8GB RAM နဲ့ 128GB , 256GB Storage ပါလာသလို microSD Card စိုက်နိုင်ပါတယ်။ 67W Fast Charging ထောက်ပံ့တဲ့ 5,000mAh Battery တပ်ဆင်ထားပြီး ၁၉ မိနစ်အတွင်း ၅၀ ရာခိုင်နှုန်းနဲ့ ၄၇ မိနစ်အတွင်း ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။ Android 14 အခြေပြု realme UI 5.0 မောင်းနှင်ထားပြီး ဂိမ်းကစားချိန်နဲ့ စွမ်းအင်များစွာ အသုံးပြုတဲ့ App တွေ သုံးချိန်မှာ စွမ်းရည်မြှင့်တင်ပေးတဲ့ GT Mode ပါပါတယ်။
အနောက်ဘက်မှာ 50MP Main (OIS) နဲ့ 2MP Depth ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 16MP ကင်မရာ ၁ လုံးပါပါတယ်။ အရှေ့ ကင်မရာက 1080p 30fps Video ရိုက်ပေးနိုင်ပါတယ်။ IP64 ရေစိုခံစံနှုန်း ထည့်သွင်းထားပြီး Skyline Blue နဲ့ Pioneer Green အရောင်ထုတ်လုပ်ထားပါတယ်။
128GB Version ကို ၁၈၇ ဒေါ်လာနဲ့ 256GB Version ကို ၁၉၉ ဒေါ်လာ သတ်မှတ်ထားပြီး အင်ဒိုနီးရှားမှာ ရောင်းချပေးလိုက်ပါပြီ။
Ref : gizmochina