realme ရဲ့ ပထမဆုံးသော “Pro” Branding ဟာ realme 2 Pro နဲ့အတူ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ realme 2 Pro ဟာ မိတ်ဆက်တဲ့အချိန်တုန်းက Qualcomm Snapdragon 660 Chipset ကို အသုံးပြုထားပြီး Android 8.1 Oreo ကို အခြေခံထားတဲ့ ColorOS 5.2 နဲ့ ပွဲထွက်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာတော့ realme 2 Pro အတွက် Android 9 Pie နဲ့ ColorOS6 Update ကို ထုတ်ပေးထားပြီး အခုအချိန်မှာတော့ နောက်ထပ် ဒုတိယမြောက် Major Software Update ဖြစ်တဲ့ Android 10 ကို အခြေခံထားတဲ့ realme UI ကို မိတ်ဆက်လိုက်ပါပြီ။

ပြီးခဲ့တဲ့လတုန်းက realme ကနေ “realme UI Early Access” Program ကို realme 2 Pro အသုံးပြုသူတွေအတွက် မိတ်ဆက်ပေးခဲ့ပြီး Android 10 ကို စတင်စမ်းသပ်ခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Android 10 ကို အခြေခံထားတဲ့ realme UI အသစ်ကို Version “RMX1801EX_11.F.07” အနေနဲ့ အလွယ်တကူ Update လုပ်နိုင်အောင် ထုတ်ပေးလိုက်ပါတယ်။ ဒါပေမယ့် ယခု Update ကို အဆင်ပြေပြေနဲ့ Update လုပ်လာဖို့အတွက်ကတော့ “RMX18001EX_11_C.31” Update ရှိဖို့လိုအပ်မယ်လို့ သိရပါတယ်။

ယခု realme UI Update နဲ့အတူ Feature အသစ်တွေအများအပြားပါဝင်လာမှာဖြစ်ပြီး UI Design ပြောင်းလဲမှုတွေနဲ့အတူ Smart Sidebar ၊ Digital Wellbeing Tool အသစ်တွေ၊ Cross-device File Transfer အပြင် တခြားသော Feature အသစ်တွေလည်း ပါဝင်မယ်လို့ သိရပါတယ်။

Ref – XDA-Developers