realme က တစ်နိုင်ငံလုံးမှာ စဥ်ဆက်မပြတ်ဝယ်ယူအားပေးနေကြတဲ့ customer တွေအတွက် နှစ်သစ်အထူးအစီအစဥ်အဖြစ် “အခုလာ အခုဝယ် အတန်ဆုံးနှစ်သစ် Cashback တွေရမယ်” ပရိုမိုးရှင်းကို ဖန်တီးပေးထားပြီး အနိမ့်ဆုံး ၃ သောင်းကျပ်မှ အမြင့်ဆုံး ၂ သိန်းကျပ်အထိ ရယူခံစားနိုင်မှာဖြစ်ပါတယ်။

realme 11 Pro စမတ်ဖုန်းဝယ်ယူကြမယ့် customer တွေအနေနဲ့ တကယ် အထူးအခွင့်အရေး ကောင်းအဖြစ် ပြန်အမ်းငွေကျပ် ၂ သိန်းအထိ ရရှိခံစားနိုင်ပြီး 8+256 version ကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

Flagship ဆန်တဲ့အတွေ့အကြုံမျိုးအတွက် realme Number series တစ်ခုဖြစ်တဲ့ realme 10 ကိုလည်း ပြန်အမ်းငွေ ၃သောင်းကျပ်အထိ ရယူနိုင်မှာဖြစ်သလို all-round ကောင်းမွန်တဲ့သုံးစွဲမှုအတွေ့အကြုံကို ပါ ရရှိစေဦးမှာဖြစ်ပါတယ်။

နောက်ထပ် realme ရဲ့ နာမည်ကြီးချန်ပီယံ (Champion) C series ဖုန်းတွေအတွက်လည်း အထူးခံစားခွင့်တွေပေးထားပါသေးတယ်။ ဒီဇိုင်း၊ ကင်မရာ၊ စွမ်းဆောင်ရည်၊ အားသွင်းစနစ်နဲ့ သိုလှောင်မှု storage ပိုင်းတွေကို အမြင့်ဆုံးမြှင့်တင်ပေးထားတဲ့ realme C55 အတွက် ဘယ် RAM+ROM version ကိုမဆို ရွေးချယ်ဝယ်ယူနိုင်ပြီး ပြန်အမ်းငွေပမာဏကို ၅ သောင်းကျပ်အထိ ရရှိနိုင်မှာဖြစ်ပါတယ်။

လူကြိုက်များတဲ့ Champion Gold အရောင်နဲ့ ပွဲထက်လာခဲ့တဲ့ realme ရဲ့အပါးဆုံးစမတ်ဖုန်းစာရင်းဝင် realme C53 အတွက် ပြန်အမ်းငွေ ၅ သောင်းကျပ်အထိ ပေးအပ်ထားပြီး အားသွင်းအထူးမြန်ဆန်တဲ့ 33W SUPERVOOC အားသွင်းစနစ်ရဲ့အားသာချက်ကိုပါ ခံစားရစေဦးမှာဖြစ်ပါတယ်။

သူ့စျေးတန်းမှာ အမြန်ဆုံးအားသွင်းစနစ်ကို ထည့်သွင်းပေးထားတဲ့ “အားသွင်းမြန်ဆန် 33W ချန်ပီယံ” realme C51 အတွက်လည်း ပြန်အမ်းငွေ ၅သောင်းကျပ်အထိ ရရှိနိုင်သလို ဒီအကျိုးခံစားခွင့်က 4+128 version ပဲဖြစ်ဖြစ်၊ 4+64 version ပဲဖြစ်ဖြစ် ဝယ်ယူတဲ့သူတိုင်း ရရှိနိုင်မယ့် အထူးအခွင့်အရေးလည်း ဖြစ်ပါတယ်။

realme C series တွေထဲကမှ စျေးအသက်သာဆုံးနဲ့ သင့်တော်တဲ့ဖုန်းလေးမျိုးပဲသုံးချင်ကြတဲ့ customer တွေအတွက် အထူးအခွင့်အရေးတစ်ရပ်ရှိနေပါသေးတယ်။ အဲ့ဒါကတော့ realme C30s (3+64) ဝယ်ယူသူတွေအားလုံးအတွက် အထူးပြန်အမ်းငွေ ၃ သောင်းကျပ်တိတိကို ရယူနိုင်မယ့် အခွင့်အရေးပဲဖြစ်ပါတယ်။

အခုလို ပြန်အမ်းငွေအထူးအခွင့်အရေးခံစားရယူနိုင်ဖို့အတွက် ဒီဇန်နဝါရီလ (၁၀) ရက်နေ့အထိ ပေးအပ်ထားတာဖြစ်လို့ အမြန်ဆုံးဝယ်ယူနိုင်စေဖို့ ဖိတ်ခေါ်တိုက်တွန်းလိုက်သလို လူငယ်တွေအကြိုက်ဆုံး စမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်တဲ့ realme ရဲ့ ဘယ်လိုထုတ်ကုန်မျိုးကိုမဆို ဝယ်ယူအသုံးပြုရင်း ကောင်းမွန်မျှတတဲ့သုံးစွဲမှုအတွေ့အကြုံကောင်းတွေကိုရရှိစေဖို့အတွက်ပါ ပိုမိုဖြည့်ဆည်းပေးအပ်သွားဦးမှာဖြစ်ပါတယ်။

Media Release: realme