Zawgyi

Realme ဟာ အခုေနာက္ပိုင္းမွာ Price-to-Performance ေတာ္ေတာ္ေလးကို ေကာင္းမြန္တဲ့စမတ္ဖုန္းေတြကို ဆက္တိုက္ကို ထုတ္လုပ္လာတာျဖစ္ပါတယ္။ ဒါတင္မဟုတ္ေသးဘဲ Software Update ပိုင္းမွာလည္း တျခားေသာ OPPO ၊ Vivo လို ဖုန္းေတြနဲ႔ ယွဥ္ရင္ သိသိသာသာကို ျမန္ဆန္တယ္လို႔ ေျပာလို႔ရပါတယ္။

မၾကာေသးခင္တုန္းကလည္း Realme ကေန Realme 1 နဲ႔ U1 စမတ္ဖုန္းေတြကို Software Update ကေန တစ္ဆင့္ Dark Mode ကို Update ျပဳလုပ္ေပးခဲ့ၿပီးေတာ့ အခုလည္း ေနာက္ထပ္ စမတ္ဖုန္းတစ္ခုအတြက္ Update ထုတ္ေပးလိုက္ၿပီျဖစ္ပါတယ္။ ဒါကေတာ့ မၾကာေသးခင္တုန္းကမွ မိတ္ဆက္ထားခဲ့တဲ့ Realme 5 Pro အတြက္ျဖစ္ၿပီးေတာ့ Firmware Version RMX1971EX_11.A.11 ဆိုၿပီး ထြက္ရွိလာတာပါ။

အခု Version Update မွာ အဓိကအေနနဲ႔ Dark Mode ပါဝင္လာတာအျပင္ 8MP Ultrawide Angle Camera နဲ႔ Video Recording ကိုပါ ျပဳလုပ္ႏိုင္ၿပီပဲျဖစ္ပါတယ္။ အဲ့ဒီအတြက္ Dark Mode က အေရးမႀကီးဘူးဆိုရင္ေတာင္မွ Ultrawide Angle Video ႐ိုက္ကူးခ်င္တဲ့သူေတြအတြက္ကေတာ့ မျဖစ္မေနကို Update ျပဳလုပ္သင့္တယ္လို႔ ေျပာရမွာပါ။

က်န္တဲ့ Feature Update ေတြအေနနဲ႔ကေတာ့ Android Security Patch ကို August 5 ၊ 2019 ကေန October 5 ၊ 2019 ကို Update ျပဳလုပ္ေပးခဲ့တာျဖစ္ၿပီးေတာ့ က်န္တဲ့ Bugs Fix ေတြလည္း အမ်ားအျပားပါဝင္ခဲ့တာျဖစ္ပါတယ္။ တကယ္လို႔ Update မရေသးတဲ့သူေတြအေနနဲ႔လည္း Rolling Out Stage မွာေရာက္ေနၿပီျဖစ္တဲ့အတြက္ မၾကာခင္ ရက္ပိုင္းအတြင္းမွာ Update ျပဳလုပ္ႏိုင္မွာျဖစ္ပါတယ္။

Ref – GSM Arena

Unicode

Realme ဟာ အခုနောက်ပိုင်းမှာ Price-to-Performance တော်တော်လေးကို ကောင်းမွန်တဲ့စမတ်ဖုန်းတွေကို ဆက်တိုက်ကို ထုတ်လုပ်လာတာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Software Update ပိုင်းမှာလည်း တခြားသော OPPO ၊ Vivo လို ဖုန်းတွေနဲ့ ယှဥ်ရင် သိသိသာသာကို မြန်ဆန်တယ်လို့ ပြောလို့ရပါတယ်။

မကြာသေးခင်တုန်းကလည်း Realme ကနေ Realme 1 နဲ့ U1 စမတ်ဖုန်းတွေကို Software Update ကနေ တစ်ဆင့် Dark Mode ကို Update ပြုလုပ်ပေးခဲ့ပြီးတော့ အခုလည်း နောက်ထပ် စမတ်ဖုန်းတစ်ခုအတွက် Update ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ ဒါကတော့ မကြာသေးခင်တုန်းကမှ မိတ်ဆက်ထားခဲ့တဲ့ Realme 5 Pro အတွက်ဖြစ်ပြီးတော့ Firmware Version RMX1971EX_11.A.11 ဆိုပြီး ထွက်ရှိလာတာပါ။

အခု Version Update မှာ အဓိကအနေနဲ့ Dark Mode ပါဝင်လာတာအပြင် 8MP Ultrawide Angle Camera နဲ့ Video Recording ကိုပါ ပြုလုပ်နိုင်ပြီပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် Dark Mode က အရေးမကြီးဘူးဆိုရင်တောင်မှ Ultrawide Angle Video ရိုက်ကူးချင်တဲ့သူတွေအတွက်ကတော့ မဖြစ်မနေကို Update ပြုလုပ်သင့်တယ်လို့ ပြောရမှာပါ။

ကျန်တဲ့ Feature Update တွေအနေနဲ့ကတော့ Android Security Patch ကို August 5 ၊ 2019 ကနေ October 5 ၊ 2019 ကို Update ပြုလုပ်ပေးခဲ့တာဖြစ်ပြီးတော့ ကျန်တဲ့ Bugs Fix တွေလည်း အများအပြားပါဝင်ခဲ့တာဖြစ်ပါတယ်။ တကယ်လို့ Update မရသေးတဲ့သူတွေအနေနဲ့လည်း Rolling Out Stage မှာရောက်နေပြီဖြစ်တဲ့အတွက် မကြာခင် ရက်ပိုင်းအတွင်းမှာ Update ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Ref – GSM Arena