[Unicode]

realme အနေဖြင့် မိုဘိုင်းဈေးကွက်တွင် ၎င်းတို့၏ “Dare to Leap” ဆောင်ပုဒ်နှင့်အညီ အလေးထားလုပ်ဆောင်လျက်ရှိပြီး ယခုအခါတွင် realme Myanmar က ကင်မရာ ၄လုံးစနစ်ပါ realme 5 series Quad Camera မိသားစုဝင်သစ်အဖြစ် realme 5i နှင့်အတူ Premium အရည်အသွေးဖြစ် ခံစားအသုံးပြုနိုင်စေမည့် Music Accessory တစ်ခုဖြစ်သည့် realme Buds Air တို့ကို ရန်ကုန်မြို့ Lotte Hotel တွင် တရားဝင်မိတ်ဆက်ပေးသွားသည်။ realme 5i အတွက် 4GB RAM + 64GB ROM version တစ်မျိုးကိုသာ အထူးဈေးနှုန်း ၂၂၉,၉ဝဝ ကျပ်ဖြင့် ဇန်နဝါရီလ (၂၅) မှစတင်ကာရောင်းချပေမည်ဖြစ်ဖြစ်ပြီး Aqua Blue နှင့် Forest Green အရောင်၂မျိုးကို ရွေးချယ်နိုင်မည်ဖြစ်သည်။ realme Buds Air ကိုလည်း နည်းပညာအသိုင်း အဝိုင်းက မျှော်လင့်မထားသည့် ဈေးနှုန်းဖြစ်သည့် ၇ဝ,ဝဝဝ ကျပ်ဖြင့် ဖေဖော်ဝါရီလ (၁) ရက်နေ့မှစတင်ကာ ရောင်းချပေးသွားမည်ဖြစ်သည်။ realme Buds Air အတွက် အဖြူရောင်ကို စတင်ရောင်းချပေးသွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် Brand color ဖြစ်သည့် အဝါရောင်ကိုပါ ဆက်လက်ရောင်းချပေးသွားရန် စီစဉ်သွားမည်ဖြစ်သည်။

အသစ်မိတ်ဆက်ပေးလိုက်သည့် realme 5i ၏ကင်မရာပိုင်း၊ ဘက်ထရီပိုင်း၊ စွမ်းဆောင်ရည်ပိုင်းနှင့် ဒီဇိုင်းပိုင်းတွင် ပိုမိုကောင်းမွန်သည့် သုံးစွဲသူအတွေ့အကြုံများကိုရရှိစေမည်ဖြစ်ပြီး ဈေးနှုန်းအားဖြင့် ပိုမိုထိုက်တန်သည့်ရွေးချယ်မှုအဖြစ် အသုံးပြုနိုင်စေမည်ဖြစ်သည်။ realme 5i တွင် ယခင် 5 series တို့တွင် ပိုမိုလူကြိုက်များခဲ့သည့် 119 degree အထိမြင်ကွင်းကျယ်ပုံရိပ်များရိုက်ယူနိုင်စေမည့် 8MP Ultra wide-angle lens နှင့်အတူ 12MP ပင်မကင်မရာ၊ 2MP Portrait lens၊ 2MP Ultra Macro lens တို့ကို တပ်ဆင်ပေးထားသည်။ ဖုန်းတစ်လုံးအသုံးပြုမှုအပိုင်းတွင် သုံးစွဲသူများပိုမိုတောင်းဆိုလာသည့် ဘက်ထရီပိုင်း အတွက် ကြီးမားသည့် 5000 mAh ဘက်ထရီကိုအသုံးပြုပေးထားပြီး stand-by အဖြစ်ထားရှိပါက ရက်ပေါင်း ၃ဝ အထိကြရှည်ခံစေမည်ဖြစ်သည်။ ရုပ်ရှင်ကြည့်လျှင် နာရီ ၂ဝကြာ၊ သီချင်းနားထောင်လျှင် နာရီ ၃ဝကြာနှင့် PUBG လိုဂိမ်းကစားလျှင် ၉နာရီကျော်ကြာ အထိဘက်ထရီသက်တမ်းကို ရရှိစေမည်ဖြစ်သည်။ ဘက်ထရီပိုင်းလုံခြုံရေးအတွက်လည်း မီးဒဏ်ကာကွယ်မှုစနစ်နှင့် အဆင့်၃ဆင့်ပါ ကြိုတင်တားဆီးပေးသည့်စနစ်များကိုပါ တပ်ဆင်ပေးထားသည်။

Realme 5i တွင် စွမ်းဆောင်ရည်အပိုင်းအတွက် Snapdragon 665 chipset ကိုအသုံးပြုပေးထားပြီး ယခုဈေးတန်းတွင် ရွေးချယ်စရာကောင်းစေမည့် 4+64 GB အမျိုးအစားဖြင့်တွဲဖက်ပေးထားခြင်းဖြစ်သည်။ ဈေးနှုန်းနှင့်နှိုင်းယှဉ်ကြည့်လျှင် ပေးရသည်နှင့်ထိုက်တန်သော မြန်ဆန်မှုနှင့် ချောမွေ့သွက်လက်မှုတို့ကို ရရှိစေမည်ဖြစ်သည်။

Realme 5i တွင် ၎င်း၏သေးသွယ်သောကိုယ်ထည်ပိုင်းအတွက် နောက်ဆုံးပေါ်ဒီဇိုင်းဖန်တီးမှုအဖြစ် Sunrise Design ကိုအသုံးပြုပေးထားပြီး ဖုန်းနောက်ကျော်ဘက် ဘယ်ဘက်အောက်ထောင့်မှ တက်သစ်စနေဝန်း အလင်းရောင်ဖြာထွက်နေသကဲ့သို့ တွေ့မြင်ခံစားရမည်ဖြစ်သည်။ နောက်ကျော်ကာဗာ၏ ထိတွေ့ခံစားမှုကို ပိုမိုကောင်းမွန်စေရန်အတွက် ဂျာမန်ထိပ်တန်းအဆင့်မြင့်စက်ကြီးများကိုအသုံးပြုကာ တိုက်စားပွတ်တိုက်ပုံဖော်ပေးထားခြင်ဖြစ်ပြီး Anti-fingerprints Surface အဖြစ်ဖန်တီးပေထားခြင်းကြောင့်လည်း လက်ဗွေရာ အလွယ်တကူထင်စေမည်မဟုတ်ပေ။ realme 5i ၏မျက်နှာပြင်မှာ 20:9 ratio ကိုအခြေခံထားသည့် ကြီးမားကျယ်ပြန့်သော 6.5-inch အရွယ်အစားရှိပြီး ပိုမိုသေးငယ်သော mini-drop notch ဒီဇိုင်းနှင့်အတူ HD+ ရုပ်ထွက်အရည်အသွေးကိုခံ စားနိုင်စေမည်ဖြစ်သည်။

တစ်ပါတည်းမိတ်ဆက်ပေးလိုက်သည့် Music Accessory ဖြစ်သော realme Buds Air မှာ True Wireless အမျိုးအစား Bluetooth နာကြပ်ဖြစ်သည့်အပြင် မိမိအသုံးပြုသည့် device နှင့် တစ်ကြိမ်ချိတ်ဆက်ပြီးပါက Charging Port (Casing) ကိုဖွင့်လိုက်ရုံဖြင့် အလိုအလျောက်ချိတ်ဆက်ပေးမည်ဖြစ်သည်။ Customerized R1 Chip ကိုအသုံးပြုပေးထားသည့်အားသာချက်ကြောင့် ဂိမ်းကစားရာတွင် Bluetooth နာကြပ်များကြုံတွေ့ရသည့် ရုပ်နှင့်အသံတစ်ထပ်တည်းမကျသည့် Latency ဖြစ်မှုကို 51% အထိလျှော့ချပေးနိုင်မည်ဖြစ်သည်။ realme Buds Air ၏ Latency ပမာဏမှာ 120ms သာရှိသည့်အချက်ကလည်း Bluetooth နားကြပ်ကောင်း ကြိုက်နှစ်သက်သူများ သဘောတွေ့စေမည့်အားသာချက်တစ်ခုပင်ဖြစ်သည်။ Dual Channel Real-time Transmission ဖြစ်သည့်အားသာချက်ကြောင့် နားကြပ်၂ဘက်စလုံးကို ပြည့်ဝသည့်အသံစနစ်ကို တစ်ပြိုင်နက်တည်းပေးပို့ပေးနိုင်ဦးမည်ဖြစ်သည်။ realme Buds Air တွင် ထည့်သွင်းပေးထားသည့် Dual Mic Noise Cancellation စနစ်ကြောင့် ဖုန်းပြောဆိုသည့်အချိန်မျိုးတွင် ပြင်ပဆူညံသံများဝင်ရောက်ခြင်းမှ အကောင်းဆုံးကာကွယ်ပေးထားဦးမည်ဖြစ်သည်။ 12mm Driver (Bass) အမျိုးအစားကြောင့် ပိုမိုပြည့်ဝသည့် Dynamic Bass Boost အရည်အသွေးကိုပါရရှိစေမည်ဖြစ်သည်။ Ear-in detection စနစ်ပါဝင်သည့်အတွက် နားတွင်တပ်ဆင်ထားပြီး သီးချင်းနားထောင်ချိန်တွင် နားကြပ်တစ်ဖက်ကို ချွတ်လိုက်ပါက သူ့အလိုအလျောက် သီချင်းကို Pause လုပ်ပေးမည်ဖြစ်ပြီး ပြန်တပ်လိုက်ပါက သူ့အလိုအလျောက် ပြန်လည် Play လုပ်ပေးသွားမည်ဖြစ်သည်။ နားကြပ်တစ်ဖက်ကို လက်ချောင်းဖြင့် Long Press ခပ်ကြာကြာဖိနှိပ်ထားမည်ဆိုလျှင် Google Assistant (Voice Feature) ကိုအသုံးပြုနိုင်စေပြီး Voice Command ဖြင့်ဖုန်းခေါ်ဆိုစေခြင်း၊ ဖုန်းတွင်ထည့်ထားသည့် app များကိုဖွင့်ခိုင်းခြင်း အစရှိသည်တို့ကိုပါ စေခိုင်းအသုံးပြုနိုင်စေမည်ဖြစ်သည်။ နားကြပ်တစ်ဘက်ဘက်ကို ၂ချက်အမြန်တို့ထိလိုက်ပါက Play/Pause လုပ်ဆောင်မှုအဖြစ် သုုံးနိုင်မည်ဖြစ်ပြီး ၃ချက်အမြန်တို့ထိပါက Next Song နားထောင်မှုအဖြစ် အသုံးပြုနိုင်မည်ဖြစ်သည်။ နားကြပ်နှစ်ဘက်ကို ဘယ်ညာ Long Press အဖြစ် တစ်ပြိုင်တည်းဖိနှိပ်ပါက Gaming Mode ထဲသို့ဝင်ရောက်နိုင်ပြီး အလားတူထပ်မံလုပ်ဆောင်ပါက Gaming Mode ထဲမှ ပြန်ထွက်စေမည်ဖြစ်သည်။

realme Buds Air ကို Single Playback အဖြစ်အသုံးပြုပါက ၃နာရီကြာအထိအသုံးပြုနိုင်ပြီး Charging Port နှင့်တွဲဖက်အသုံးပြုပါက ၁၇နာရီကြအထိ ဘက်ထရီသက်တမ်းကို ရရှိစေမည်ဖြစ်သည်။ အလေးချိန်မှာလည်း 4.2g သာရှိသည့်အတွက် တကယ့်ကိုပေါ့ပါးပြီး နားထဲတွင်သက်သောင့်သက်သာရှိစေမည့် ခံစားချက်ကိုပါရရှိစေဦးမည်ဖြစ်သည်။

[Zawgyi]

realme 5i ကို ၂၂၉,၉ဝဝ က်ပ္ႏွင့္ realme Buds Air ကို ၇ဝ,ဝဝဝ က်ပ္တို႔ျဖင့္ေရာင္းခ်ေပးသြားမည္

realme အေနျဖင့္ မိုဘိုင္းေဈးကြက္တြင္ ၎တို႔၏ “Dare to Leap” ေဆာင္ပုဒ္ႏွင့္အညီ အေလးထားလုပ္ေဆာင္လ်က္႐ွိၿပီး ယခုအခါတြင္ realme Myanmar က ကင္မရာ ၄လုံးစနစ္ပါ realme 5 series Quad Camera မိသားစုဝင္သစ္အျဖစ္ realme 5i ႏွင့္အတူ Premium အရည္အေသြးျဖစ္ ခံစားအသုံးျပဳႏိုင္ေစမည့္ Music Accessory တစ္ခုျဖစ္သည့္ realme Buds Air တို႔ကို ရန္ကုန္ၿမိဳ႕ Lotte Hotel တြင္ တရားဝင္မိတ္ဆက္ေပးသြားသည္။ realme 5i အတြက္ 4GB RAM + 64GB ROM version တစ္မ်ိဳးကိုသာ အထူးေဈးႏႈန္း ၂၂၉,၉ဝဝ က်ပ္ျဖင့္ ဇန္နဝါရီလ (၂၅) မွစတင္ကာေရာင္းခ်ေပမည္ျဖစ္ျဖစ္ၿပီး Aqua Blue ႏွင့္ Forest Green အေရာင္၂မ်ိဳးကို ေ႐ြးခ်ယ္ႏိုင္မည္ျဖစ္သည္။ realme Buds Air ကိုလည္း နည္းပညာအသိုင္း အဝိုင္းက ေမွ်ာ္လင့္မထားသည့္ ေဈးႏႈန္းျဖစ္သည့္ ၇ဝ,ဝဝဝ က်ပ္ျဖင့္ ေဖေဖာ္ဝါရီလ (၁) ရက္ေန႔မွစတင္ကာ ေရာင္းခ်ေပးသြားမည္ျဖစ္သည္။ realme Buds Air အတြက္ အျဖဴေရာင္ကို စတင္ေရာင္းခ်ေပးသြားမည္ျဖစ္ၿပီး ေနာက္ပိုင္းတြင္ Brand color ျဖစ္သည့္ အဝါေရာင္ကိုပါ ဆက္လက္ေရာင္းခ်ေပးသြားရန္ စီစဥ္သြားမည္ျဖစ္သည္။

အသစ္မိတ္ဆက္ေပးလိုက္သည့္ realme 5i ၏ကင္မရာပိုင္း၊ ဘက္ထရီပိုင္း၊ စြမ္းေဆာင္ရည္ပိုင္းႏွင့္ ဒီဇိုင္းပိုင္းတြင္ ပိုမိုေကာင္းမြန္သည့္ သုံးစြဲသူအေတြ႕အၾကဳံမ်ားကိုရ႐ွိေစမည္ျဖစ္ၿပီး ေဈးႏႈန္းအားျဖင့္ ပိုမိုထိုက္တန္သည့္ေ႐ြးခ်ယ္မႈအျဖစ္ အသုံးျပဳႏိုင္ေစမည္ျဖစ္သည္။ realme 5i တြင္ ယခင္ 5 series တို႔တြင္ ပိုမိုလူႀကိဳက္မ်ားခဲ့သည့္ 119 degree အထိျမင္ကြင္းက်ယ္ပုံရိပ္မ်ား႐ိုက္ယူႏိုင္ေစမည့္ 8MP Ultra wide-angle lens ႏွင့္အတူ 12MP ပင္မကင္မရာ၊ 2MP Portrait lens၊ 2MP Ultra Macro lens တို႔ကို တပ္ဆင္ေပးထားသည္။ ဖုန္းတစ္လုံးအသုံးျပဳမႈအပိုင္းတြင္ သုံးစြဲသူမ်ားပိုမိုေတာင္းဆိုလာသည့္ ဘက္ထရီပိုင္း အတြက္ ႀကီးမားသည့္ 5000 mAh ဘက္ထရီကိုအသုံးျပဳေပးထားၿပီး stand-by အျဖစ္ထား႐ွိပါက ရက္ေပါင္း ၃ဝ အထိၾက႐ွည္ခံေစမည္ျဖစ္သည္။ ႐ုပ္႐ွင္ၾကည့္လွ်င္ နာရီ ၂ဝၾကာ၊ သီခ်င္းနားေထာင္လွ်င္ နာရီ ၃ဝၾကာႏွင့္ PUBG လိုဂိမ္းကစားလွ်င္ ၉နာရီေက်ာ္ၾကာ အထိဘက္ထရီသက္တမ္းကို ရ႐ွိေစမည္ျဖစ္သည္။ ဘက္ထရီပိုင္းလုံျခဳံေရးအတြက္လည္း မီးဒဏ္ကာကြယ္မႈစနစ္ႏွင့္ အဆင့္၃ဆင့္ပါ ႀကိဳတင္တားဆီးေပးသည့္စနစ္မ်ားကိုပါ တပ္ဆင္ေပးထားသည္။

Realme 5i တြင္ စြမ္းေဆာင္ရည္အပိုင္းအတြက္ Snapdragon 665 chipset ကိုအသုံးျပဳေပးထားၿပီး ယခုေဈးတန္းတြင္ ေ႐ြးခ်ယ္စရာေကာင္းေစမည့္ 4+64 GB အမ်ိဳးအစားျဖင့္တြဲဖက္ေပးထားျခင္းျဖစ္သည္။ ေဈးႏႈန္းႏွင့္ႏိႈင္းယွဥ္ၾကည့္လွ်င္ ေပးရသည္ႏွင့္ထိုက္တန္ေသာ ျမန္ဆန္မႈႏွင့္ ေခ်ာေမြ႕သြက္လက္မႈတို႔ကို ရ႐ွိေစမည္ျဖစ္သည္။

Realme 5i တြင္ ၎၏ေသးသြယ္ေသာကိုယ္ထည္ပိုင္းအတြက္ ေနာက္ဆုံးေပၚဒီဇိုင္းဖန္တီးမႈအျဖစ္ Sunrise Design ကိုအသုံးျပဳေပးထားၿပီး ဖုန္းေနာက္ေက်ာ္ဘက္ ဘယ္ဘက္ေအာက္ေထာင့္မွ တက္သစ္စေနဝန္း အလင္းေရာင္ျဖာထြက္ေနသကဲ့သို႔ ေတြ႕ျမင္ခံစားရမည္ျဖစ္သည္။ ေနာက္ေက်ာ္ကာဗာ၏ ထိေတြ႕ခံစားမႈကို ပိုမိုေကာင္းမြန္ေစရန္အတြက္ ဂ်ာမန္ထိပ္တန္းအဆင့္ျမင့္စက္ႀကီးမ်ားကိုအသုံးျပဳကာ တိုက္စားပြတ္တိုက္ပုံေဖာ္ေပးထားျခင္ျဖစ္ၿပီး Anti-fingerprints Surface အျဖစ္ဖန္တီးေပထားျခင္းေၾကာင့္လည္း လက္ေဗြရာ အလြယ္တကူထင္ေစမည္မဟုတ္ေပ။ realme 5i ၏မ်က္ႏွာျပင္မွာ 20:9 ratio ကိုအေျခခံထားသည့္ ႀကီးမားက်ယ္ျပန္႔ေသာ 6.5-inch အ႐ြယ္အစား႐ွိၿပီး ပိုမိုေသးငယ္ေသာ mini-drop notch ဒီဇိုင္းႏွင့္အတူ HD+ ႐ုပ္ထြက္အရည္အေသြးကိုခံ စားႏိုင္ေစမည္ျဖစ္သည္။

တစ္ပါတည္းမိတ္ဆက္ေပးလိုက္သည့္ Music Accessory ျဖစ္ေသာ realme Buds Air မွာ True Wireless အမ်ိဳးအစား Bluetooth နာၾကပ္ျဖစ္သည့္အျပင္ မိမိအသုံးျပဳသည့္ device ႏွင့္ တစ္ႀကိမ္ခ်ိတ္ဆက္ၿပီးပါက Charging Port (Casing) ကိုဖြင့္လိုက္႐ုံျဖင့္ အလိုအေလ်ာက္ခ်ိတ္ဆက္ေပးမည္ျဖစ္သည္။ Customerized R1 Chip ကိုအသုံးျပဳေပးထားသည့္အားသာခ်က္ေၾကာင့္ ဂိမ္းကစားရာတြင္ Bluetooth နာၾကပ္မ်ားၾကဳံေတြ႕ရသည့္ ႐ုပ္ႏွင့္အသံတစ္ထပ္တည္းမက်သည့္ Latency ျဖစ္မႈကို 51% အထိေလွ်ာ့ခ်ေပးႏိုင္မည္ျဖစ္သည္။ realme Buds Air ၏ Latency ပမာဏမွာ 120ms သာ႐ွိသည့္အခ်က္ကလည္း Bluetooth နားၾကပ္ေကာင္း ႀကိဳက္ႏွစ္သက္သူမ်ား သေဘာေတြ႕ေစမည့္အားသာခ်က္တစ္ခုပင္ျဖစ္သည္။ Dual Channel Real-time Transmission ျဖစ္သည့္အားသာခ်က္ေၾကာင့္ နားၾကပ္၂ဘက္စလုံးကို ျပည့္ဝသည့္အသံစနစ္ကို တစ္ၿပိဳင္နက္တည္းေပးပို႔ေပးႏိုင္ဦးမည္ျဖစ္သည္။ realme Buds Air တြင္ ထည့္သြင္းေပးထားသည့္ Dual Mic Noise Cancellation စနစ္ေၾကာင့္ ဖုန္းေျပာဆိုသည့္အခ်ိန္မ်ိဳးတြင္ ျပင္ပဆူညံသံမ်ားဝင္ေရာက္ျခင္းမွ အေကာင္းဆုံးကာကြယ္ေပးထားဦးမည္ျဖစ္သည္။ 12mm Driver (Bass) အမ်ိဳးအစားေၾကာင့္ ပိုမိုျပည့္ဝသည့္ Dynamic Bass Boost အရည္အေသြးကိုပါရ႐ွိေစမည္ျဖစ္သည္။ Ear-in detection စနစ္ပါဝင္သည့္အတြက္ နားတြင္တပ္ဆင္ထားၿပီး သီးခ်င္းနားေထာင္ခ်ိန္တြင္ နားၾကပ္တစ္ဖက္ကို ခြၽတ္လိုက္ပါက သူ႕အလိုအေလ်ာက္ သီခ်င္းကို Pause လုပ္ေပးမည္ျဖစ္ၿပီး ျပန္တပ္လိုက္ပါက သူ႕အလိုအေလ်ာက္ ျပန္လည္ Play လုပ္ေပးသြားမည္ျဖစ္သည္။ နားၾကပ္တစ္ဖက္ကို လက္ေခ်ာင္းျဖင့္ Long Press ခပ္ၾကာၾကာဖိႏွိပ္ထားမည္ဆိုလွ်င္ Google Assistant (Voice Feature) ကိုအသုံးျပဳႏိုင္ေစၿပီး Voice Command ျဖင့္ဖုန္းေခၚဆိုေစျခင္း၊ ဖုန္းတြင္ထည့္ထားသည့္ app မ်ားကိုဖြင့္ခိုင္းျခင္း အစ႐ွိသည္တို႔ကိုပါ ေစခိုင္းအသုံးျပဳႏိုင္ေစမည္ျဖစ္သည္။ နားၾကပ္တစ္ဘက္ဘက္ကို ၂ခ်က္အျမန္တို႔ထိလိုက္ပါက Play/Pause လုပ္ေဆာင္မႈအျဖစ္ သုုံးႏိုင္မည္ျဖစ္ၿပီး ၃ခ်က္အျမန္တို႔ထိပါက Next Song နားေထာင္မႈအျဖစ္ အသုံးျပဳႏိုင္မည္ျဖစ္သည္။ နားၾကပ္ႏွစ္ဘက္ကို ဘယ္ညာ Long Press အျဖစ္ တစ္ၿပိဳင္တည္းဖိႏွိပ္ပါက Gaming Mode ထဲသို႔ဝင္ေရာက္ႏိုင္ၿပီး အလားတူထပ္မံလုပ္ေဆာင္ပါက Gaming Mode ထဲမွ ျပန္ထြက္ေစမည္ျဖစ္သည္။

realme Buds Air ကို Single Playback အျဖစ္အသုံးျပဳပါက ၃နာရီၾကာအထိအသုံးျပဳႏိုင္ၿပီး Charging Port ႏွင့္တြဲဖက္အသုံးျပဳပါက ၁၇နာရီၾကအထိ ဘက္ထရီသက္တမ္းကို ရ႐ွိေစမည္ျဖစ္သည္။ အေလးခ်ိန္မွာလည္း 4.2g သာ႐ွိသည့္အတြက္ တကယ့္ကိုေပါ့ပါးၿပီး နားထဲတြင္သက္ေသာင့္သက္သာ႐ွိေစမည့္ ခံစားခ်က္ကိုပါရ႐ွိေစဦးမည္ျဖစ္သည္။