Unicode

Realme Vietnam ဟာ သူတို့ရဲ့ Facebook ကနေ လာမယ့် ဇန်နဝါရီ ၆ ရက်နေ့မှာ Realme 5i စမတ်ဖုန်းသစ်အား ဗီယက်နမ်ဈေးကွက်သို့ မိတ်ဆက်သွားမယ်ဆိုတာကို တရားဝင်ကြေညာလိုက်ပါတယ်။

Realme 5i ရဲ့ Render တွေဟာ ဗီယက်နမ်ပြည်တွင်းက Retailer ဝက်ဆိုက်တွေမှာ မြင်တွေ့နေရပြီဖြစ်ပြီး လောလောဆယ်တော့ Blue, Green ကာလာနှစ်မျိုးနဲ့ ထွက်လာမှာဖြစ်ပါတယ်။ လောလောဆယ် ဈေးနှုန်းကို ထုတ်ဖော်မပြသေးပေမယ့် ဗီယက်နမ်ဒေါင် ၄,၉၉၉,၀၀၀ (မြန်မာငွေ သုံးသိန်းနှစ်သောင်းခန့်) နဲ့ရောင်းချနေတဲ့ Realme 5s ထက် အနည်းငယ်ဈေးပိုနည်းမယ်လို့ ယူဆရပါတယ်။

အွန်လိုင်းပေါ်မှာ မြင်တွေ့နေရတဲ့ Realme 5i ရဲ့ Specs တွေကတော့ Waterdrop Notch တစ်ခုပါဝင်တဲ့ 6.52” လက်မအရွယ် IPS LCD Display တစ်ခုနဲ့အတူ Snapdragon 665 ချစ်ပ်ဆက်တို့ ပါဝင်ပါတယ်။ မန်မိုရီက 4GB RAM နဲ့ 64GB Storage တို့ဖြစ်ပါတယ်။ သူ့မှာ Android 9 OS ကို အခြေခံထားတဲ့ ColorOS 6.1 ကိုပဲ တွေ့ရမှာပါ။

ဖုန်းရဲ့နောက်ဘက်မှာ 12MP + 8MP + 2MP + 2MP Sensor လေးခုနဲ့ Quad-camera ကိုတွေ့ရမှာဖြစ်ပြီး ရှေ့ဘက်မှာတော့ 8MP Selfie ကင်မရာပါဝင်မှာပါ။ ဘက္ထရီက 5,000 mAh ဖြစ်ပါတယ်။

Ref – Playful Droid

Zawgyi

Realme Vietnam ဟာ သူတုိ႔ရဲ႕ Facebook ကေန လာမယ့္ ဇန္နဝါရီ ၆ ရက္ေန႔မွာ Realme 5i စမတ္ဖုန္းသစ္အား ဗီယက္နမ္ေစ်းကြက္သုိ႔ မိတ္ဆက္သြားမယ္ဆုိတာကို တရားဝင္ေၾကညာလိုက္ပါတယ္။

Realme 5i ရဲ႕ Render ေတြဟာ ဗီယက္နမ္ျပည္တြင္းက Retailer ဝက္ဆုိက္ေတြမွာ ျမင္ေတြ႕ေနရၿပီျဖစ္ၿပီး ေလာေလာဆယ္ေတာ့ Blue, Green ကာလာႏွစ္မ်ဳိးနဲ႔ ထြက္လာမွာျဖစ္ပါတယ္။ ေလာေလာဆယ္ ေစ်းႏႈန္းကို ထုတ္ေဖာ္မျပေသးေပမယ့္ ဗီယက္နမ္ေဒါင္ ၄,၉၉၉,၀၀၀ (ျမန္မာေငြ သုံးသိန္းႏွစ္ေသာင္းခန္႔) နဲ႔ေရာင္းခ်ေနတဲ့ Realme 5s ထက္ အနည္းငယ္ေစ်းပိုနည္းမယ္လို႔ ယူဆရပါတယ္။

အြန္လိုင္းေပၚမွာ ျမင္ေတြ႕ေနရတဲ့ Realme 5i ရဲ႕ Specs ေတြကေတာ့ Waterdrop Notch တစ္ခုပါဝင္တဲ့ 6.52” လက္မအရြယ္ IPS LCD Display တစ္ခုနဲ႔အတူ Snapdragon 665 ခ်စ္ပ္ဆက္တုိ႔ ပါဝင္ပါတယ္။ မန္မုိရီက 4GB RAM နဲ႔ 64GB Storage တုိ႔ျဖစ္ပါတယ္။ သူ႕မွာ Android 9 OS ကို အေျခခံထားတဲ့ ColorOS 6.1 ကိုပဲ ေတြ႕ရမွာပါ။

ဖုန္းရဲ႕ေနာက္ဘက္မွာ 12MP + 8MP + 2MP + 2MP Sensor ေလးခုနဲ႔ Quad-camera ကိုေတြ႕ရမွာျဖစ္ၿပီး ေရွ႕ဘက္မွာေတာ့ 8MP Selfie ကင္မရာပါဝင္မွာပါ။ ဘကၳရီက 5,000 mAh ျဖစ္ပါတယ္။

Ref – Playful Droid