[Unicode]

Realme 5i ကို ဇန်နဝါရီလ ၆ ရက်နေ့မှာ ဗီယက်နမ်ဈေးကွက်ထဲ စတင်မိတ်ဆက်မယ်လို့ ကြေညာထားပါတယ်။ ဒီဟန်းဆက်နဲ့ပတ်သက်တဲ့ အကြောင်းအရာ အတော်များများကလည်း ဗီယက်နမ် လက်လီအရောင်းဝက်ဘ်ဆိုက်မှာ ဖော်ပြထားလို့ သိရှိနိုင်ကြပြီ ဖြစ်ပါတယ်။

Realme 5i ဟာ ဗီယက်နမ်နဲ့ စင်ကာပူအပါအဝင် အရှေ့တောင်အာရှဈေးကွက်ကို အဓိကထားပြီး ဖြန့်ချိမယ်လို့ ယူဆရပါတယ်။ အခုတော့ Realme 5i ကို မော်ဒယ်နံပါတ် RMX2030 နဲ့အတူ Geekbench မှာတွေ့မြင်ရပြီး သူ့ရဲ့ အဓိကအစိတ်အပိုင်းတွေနဲ့ စွမ်းဆောင်ရည်တွေကိုလည်း သိရှိနိုင်ပြီ ဖြစ်ပါတယ်။

Geekbench မှာတော့ Realme 5i ရဲ့ Multi-Core ရမှတ်ဟာ 5,602 ဖြစ်ပြီး Single-Core ရမှတ်ရတော့ 1,543 ဖြစ်တာကို တွေ့ရပါတယ်။ ဟန်းဆက်ဟာ Qualcomm Snapdragon 665 ကိုအသုံးပြုထားပြီး 4GB of RAM နဲ့ တွဲပေးထားတာပါ။ ဒီဟန်းဆက်ဟာ ပြီးခဲ့တဲ့လအနည်းငယ်တုန်းက အိန္ဒိယမှာ မိတ်ဆက်သွားတဲ့ Realme 5 နဲ့ ခပ်ဆင်ဆင်လို့ ဆိုနိုင်ပါတယ်။

Realme 5 နဲ့ ကွဲပြားတဲ့အချက်တွေက Realme 5i ဟာ Diamond-cut ဒီဇိုင်းမဟုတ်သလို၊ အရှေ့ဘက် Selfie ကင်မရာကလည်း Megapixel ချင်း မတူညီကြပါဘူး။ Realme 5 က 13MP Selfie ကင်မရာဖြစ်ပေမယ့် Realme 5i ကတော့ Megapixel ပိုနည်းတဲ့ 8MP Selfie ကင်မရာကိုသာ တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။

Realme 5i ဟာ 6.52-inch IPS LCD HD+ မျက်နှာပြင်နဲ့ဖြစ်ပါတယ်။ ဘက်ထရီပမာဏက 5,000mAh ဖြစ်ပြီး 10W အားသွင်းစနစ်ကို ထောက်ပံ့ထားပါတယ်။ ကျောဘက်မှာတော့ ကင်မရာလေးလုံးတပ်ဆင်ထားပြီး၊ 12MP အဓိကကင်မရာကို 8MP ultra wide, 2MP depth sensor, 2MP macro lens တွေနဲ့ တွဲဖက်ပေးထားတာပါ။

အရောင်ကတော့ အပြာနဲ့ အစိမ်း နှစ်ရောင်တွေ့ရှိရပြီး 3GB of RAM + 32GB storage နဲ့ 4GB of RAM + 64GB storage ဆိုပြီး အမျိုးအစားနှစ်မျိုး ခွဲထားတာကိုလည်း တွေ့ရပါတယ်။ OS ကတော့ Android 9 Pie ကို အခြေခံထားတဲ့ ColorOS 6.1 ဖြစ်ပါတယ်။

Ref: GSM Arena

[Zawgyi]

အေရွ႕ေတာင္အာရွေဈးကြက္အတြက္ ရည္႐ြယ္ထားတဲ့ Realme 5i ကို Geekbench မွာေတြ႕ရၿပီ

Realme 5i ကို ဇန္နဝါရီလ ၆ ရက္ေန႔မွာ ဗီယက္နမ္ေဈးကြက္ထဲ စတင္မိတ္ဆက္မယ္လို႔ ေၾကညာထားပါတယ္။ ဒီဟန္းဆက္နဲ႔ပတ္သက္တဲ့ အေၾကာင္းအရာ အေတာ္မ်ားမ်ားကလည္း ဗီယက္နမ္ လက္လီအေရာင္းဝက္ဘ္ဆိုက္မွာ ေဖာ္ျပထားလို႔ သိရွိႏိုင္ၾကၿပီ ျဖစ္ပါတယ္။

Realme 5i ဟာ ဗီယက္နမ္နဲ႔ စင္ကာပူအပါအဝင္ အေရွ႕ေတာင္အာရွေဈးကြက္ကို အဓိကထားၿပီး ျဖန႔္ခ်ိမယ္လို႔ ယူဆရပါတယ္။ အခုေတာ့ Realme 5i ကို ေမာ္ဒယ္နံပါတ္ RMX2030 နဲ႔အတူ Geekbench မွာေတြ႕ျမင္ရၿပီး သူ႔ရဲ႕ အဓိကအစိတ္အပိုင္းေတြနဲ႔ စြမ္းေဆာင္ရည္ေတြကိုလည္း သိရွိႏိုင္ၿပီ ျဖစ္ပါတယ္။

Geekbench မွာေတာ့ Realme 5i ရဲ႕ Multi-Core ရမွတ္ဟာ 5,602 ျဖစ္ၿပီး Single-Core ရမွတ္ရေတာ့ 1,543 ျဖစ္တာကို ေတြ႕ရပါတယ္။ ဟန္းဆက္ဟာ Qualcomm Snapdragon 665 ကိုအသုံးျပဳထားၿပီး 4GB of RAM နဲ႔ တြဲေပးထားတာပါ။ ဒီဟန္းဆက္ဟာ ၿပီးခဲ့တဲ့လအနည္းငယ္တုန္းက အိႏၵိယမွာ မိတ္ဆက္သြားတဲ့ Realme 5 နဲ႔ ခပ္ဆင္ဆင္လို႔ ဆိုႏိုင္ပါတယ္။

Realme 5 နဲ႔ ကြဲျပားတဲ့အခ်က္ေတြက Realme 5i ဟာ Diamond-cut ဒီဇိုင္းမဟုတ္သလို၊ အေရွ႕ဘက္ Selfie ကင္မရာကလည္း Megapixel ခ်င္း မတူညီၾကပါဘူး။ Realme 5 က 13MP Selfie ကင္မရာျဖစ္ေပမယ့္ Realme 5i ကေတာ့ Megapixel ပိုနည္းတဲ့ 8MP Selfie ကင္မရာကိုသာ တပ္ဆင္ေပးထားတာ ျဖစ္ပါတယ္။

Realme 5i ဟာ 6.52-inch IPS LCD HD+ မ်က္ႏွာျပင္နဲ႔ျဖစ္ပါတယ္။ ဘက္ထရီပမာဏက 5,000mAh ျဖစ္ၿပီး 10W အားသြင္းစနစ္ကို ေထာက္ပံ့ထားပါတယ္။ ေက်ာဘက္မွာေတာ့ ကင္မရာေလးလုံးတပ္ဆင္ထားၿပီး၊ 12MP အဓိကကင္မရာကို 8MP ultra wide, 2MP depth sensor, 2MP macro lens ေတြနဲ႔ တြဲဖက္ေပးထားတာပါ။

အေရာင္ကေတာ့ အျပာနဲ႔ အစိမ္း ႏွစ္ေရာင္ေတြ႕ရွိရၿပီး 3GB of RAM + 32GB storage နဲ႔ 4GB of RAM + 64GB storage ဆိုၿပီး အမ်ိဳးအစားႏွစ္မ်ိဳး ခြဲထားတာကိုလည္း ေတြ႕ရပါတယ္။ OS ကေတာ့ Android 9 Pie ကို အေျခခံထားတဲ့ ColorOS 6.1 ျဖစ္ပါတယ္။

Ref: GSM Arena