လာမယ့်အပတ်ဟာ Realme ပရိသတ်တွေအတွက်တော့ စိတ်လှုပ်ရှားစရာအပြည့်ပါ။ Realme ဟာ သူတို့ရဲ့ Realme 6 စမတ်ဖုန်းစီးရီးသစ်သာမက ပထမဆုံး Realme Fitness Band တို့ကိုပါ မတ်လ ၅ ရက်နေ့မှာ မိတ်ဆက်မယ်လို့ ကြေညာထားပါတယ်။

အသစ်ထွက်လာမယ့် Realme ဖုန်းတွေရဲ့ Specs အချို့ဟာ Leak အနေနဲ့ ထွက်ပေါ်ထားသလို Realme ကိုယ်တိုင်ကလည်း အချို့အချက်အလက်တွေကို တရားဝင် Tease လုပ်ထားပါတယ်။ ယနေ့မှာ ထပ်ပြီး အတည်ပြုလာတာ ကတော့ Realme 6 ဖုန်းသစ်တွေမှာ ပါဝင်မယ့် အားသွင်းစနစ်ပါ။

Realme 6 နဲ့ Realme 6 Pro ဟန်းဆက်နှစ်ခုလုံးမှာ 30W Flash Charge အားသွင်းနည်းပညာပါဝင်မှာ ဖြစ်ပါတယ်။ Realme ကတော့ ဒီနည်းပညာနဲ့ သုံးစွဲသူတွေဟာ ဖုန်းအားသုညကနေ 40% သို့ ၁၅ မိနစ်အတွင်း အားဖြည့်နိုင်မယ်လို့ ပြောထားပါတယ်။

Realme 5 ဖုန်းတုန်းက 10W အားသွင်းစနစ်သာ ပါခဲ့တာနဲ့ ယှဉ်လိုက်ရင်တော့ 30W Flash Charge ဟာ တော်တော်လေးကွာခြားနေမှာပါ။ Realme 5 Pro မှာတော့ 20W VOOC 3.0 အားသွင်းစနစ်ပါခဲ့ပါတယ်။ ဒီတစ်ခါ ရိုးရိုးနဲ့ Pro ဗားရှင်းနှစ်ခုလုံးကို တူညီတဲ့ အားသွင်းစနစ်ထည့်ပေးလာတာ စိတ်ဝင်စားစရာပါ။

Realme 6 နဲ့ 6 pro နှစ်ခုလုံး ဘယ်ဘက်ခြမ်းမှာ Punch-hole ဆဲလ်ဖီကင်မရာတွေ အသီးသီးပါဝင်ပေမယ့် ရိုးရိုး Realme 6 မှာ ဆဲလ်ဖီကင်မရာတစ်လုံးတည်း ပါဝင်ကာ Pro မှာတော့ Dual Selfie ကင်မရာနှစ်လုံးတွဲကို တွေ့ရမှာ ဖြစ်ပါတယ်။ နှစ်ခုလုံးမှာ 90Hz Refresh Rate ပါဝင်မယ်လို့လည်း အတည်ပြုပြီးသားပါ။

Ref – Gizmo China