Realme ဟာ စွမ်းဆောင်ရည်ကောင်းမွန်တဲ့စမတ်ဖုန်းကို သင့်တင့်တဲ့ဈေးနှုန်းနဲ့ရရှိနိုင်တဲ့ အမှတ်တံဆိပ်ဆိုတာ ပြောဖို့ လိုတော့မယ်မထင်ပါဘူး။ Realme 6i ဆိုတာနဲ့ Heilo G80 Processor ကို ပထမဆုံး အသုံးပြုထားတဲ့ စမတ်ဖုန်းလို့ သိကြမှာပါ။

Realme 6 ကို မတ်လ အစောပိုင်းတုန်းက အိန္ဒိယဈေးကွက်မှာ ဖြန့်ချိခဲ့ပြီး Realme 6i ကိုတော့ နိုင်ငံတကာဈေးကွက်တွေထက်စောပြီး မြန်မာနိုင်ငံဈေးကွက်မှာ အရင်ဦးဆုံးမိတ်ဆက်ခဲ့တာလည်း ဖြစ်ပါတယ်။ အခုတော့ Realme 6 နဲ့ 6i တွေကို ဧပြီလအစောပိုင်းမှာပဲ ဥရောပဈေးကွက်ဆီ ဖြန့်ချိတော့မှာဖြစ်ပါတယ်။

Realme 6 ကတော့ ဧပြီလ ၆ ရက်နေ့မှာ စတင်ဖြန့်ချိမှာဖြစ်ပြီး အခုအချိန်ကတည်းက Pre-order တင်လို့ ရနေပါပြီ။ 4GB RAM + 64GB, 4GB RAM + 128GB, and 8GB RAM + 128GB ဆိုပြီး အမျိုးအစားသုံးမျိုး ရွေးချယ်နိုင်ပါတယ်။ အခြေခံမော်ဒယ်ကတော့ €229.9 (၃ သိန်းခွဲ ဝန်းကျင်)၊ 128GB ဆိုရင်တော့ €269.9 (၄ သိန်း ၂ သောင်းဝန်းကျင်) နဲ့ 8GB RAM + 128GB အမျိုးအစားကတော့ €299.9 (၄ သိန်း ၆ သောင်းဝန်းကျင်) ကျသင့်မယ်လို့ သိရပါတယ်။

Realme 6i ကိုတော့ ဧပြီလ ၁၃ ရက်နေ့မှ ဖြန့်ချိမှာပါ။ 4GB RAM + 128GB အမျိုးအစား တစ်မျိုးတည်း ရရှိမှာ ဖြစ်ပါတယ်။ ဈေးနှုန်းက €199.9 ဖြစ်တာကြောင့် (၃ သိန်း ၁သောင်းဝန်းကျင်) လောက်ပဲ ကျသင့်မှာ ဖြစ်ပါတယ်။ Realme 6i ကတော့ Heilo G80 processor အသုံးပြုထားပြီး 6.5-inch မျက်နှာပြင်၊ Waterdrop notch နဲ့ 16MP selfie ကင်မရာ၊ 48MP + ultrawide + B&W portrait + 4cm macro ကျောဘက်ကင်မရာလေးလုံး ပါဝင်မှာ ဖြစ်ပါတယ်။

ကျောဘက်မှာ လက်ဗွေဖတ်စနစ် တပ်ဆင်ပေးထားပြီး 5,000mAh ဘက်ထရီနဲ့ 18W အမြန်အားသွင်းစနစ်ကို USB Type-C အသုံးပြုပြီးအားသွင်းနိုင်အောင်လို့ ထောက်ပံ့ပေးထားပါတယ်။ SIM ကဒ်နှစ်ကဒ်ထည့်နိုင်ပြီး MicroSD နဲ့လည်း သိုလှောင်မှုပမာဏကို တိုးမြှင့်နိုင်ပါသေးတယ်။

Ref: Gizmochina