realme ကနေ ပြီးခဲ့တဲ့ရက်သတ္တပတ်ပိုင်းတုန်းက realme 6 နဲ့ realme 6 Pro စမတ်ဖုန်းတွေကို မိတ်ဆက်ပေးထားပြီးတော့ Mid Range စျေးကွက်ထဲမှာ စွမ်းဆောင်ရည်မြင့်မားတဲ့ဖုန်းတွေအဖြစ်သတ်မှတ်ခံထားရတာလည်းဖြစ်ပါတယ်။ အခုလည်း realme 6 အတွက် Software Update ကို ထုတ်ပေးလိုက်ပြီဖြစ်ပြီး အသုံးဝင်တဲ့ Feature တစ်ခုပါဝင်လာပါတယ်။

အခု realme 6 အတွက် ပထမဆုံး Software Update Version အနေနဲ့ကတော့ RMX2001_11_A.11ဖြစ်တယ်လို့သိရပြီးတော့ Android Security Patch ကို March 5, 2020 အထိ Update ပေးခဲ့တာဖြစ်ပါတယ်။ အဆိုပါ Update နဲ့အတူ Swipe Up Gesture မှာ Google Assistant နဲ့ သွားညှိတဲ့ Bug ကိုပါ ဖြေရှင်းပေးခဲ့ပါတယ်။

ဒါတင်မဟုတ်သေးဘဲ Feature Update အနေနဲ့ကတော့ Soloop Video Editing App တစ်ခုပါဝင်လာပြီး realme 6 ရဲ့ 16MP Front Selfie Camera အတွက် Feature အသစ် ၂ ခုပါဝင်လာခဲ့ပါတယ်။ ဒါကတော့ Night Mode နဲ့ 120fps Slow-motion Video Recording Feature တွေပဲဖြစ်ပါတယ်။

realme အနေနဲ့ အခုလိုမျိုး စမတ်ဖုန်းအသစ်တွေကို ဆက်တိုက်ထုတ်နေတဲ့အပြင် Software Update ပိုင်းကို သေချာလိုက်ပြီးပြုလုပ်ပေးတာကတော့ သဘောကျဖို့ကောင်းနေပါတယ်။ မကြာခင်မှာလည်း မြန်မာနိုင်ငံမှာ ပထမဆုံးအနေနဲ့ realme 6i ကို မတ်လ ၁၇ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားဦးမှာပါ။

Ref – GSM Arena