Realme 6 အတွက် ပထမဆုံး Software Update ကို ပြီးခဲ့တဲ့ ၁ ပတ်က ဖြန့်ချိခဲ့ပြီး အရှေ့ကင်မရာအတွက် 120fps Slow-motion Video Recording ပါလာပါတယ်။ အခုတော့ Pro Version အတွက် ပထမဆုံး Software Update ကို ဖြန့်ချိပေးလိုက်ပါတယ်။

Update ရဲ့ ဖိုင်အရွယ်အစားဟာ 330MB ဖြစ်ပြီး Version Number က RMX2061_11_A.11 ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် မတ်လအတွက် Android Security Patch ထည့်ထားပြီး Soloop Video Editing App ပါလာပါတယ်။ Bugs တချို့ကို ပြင်ဆင်ပေးထားပြီး Third-party Apps တွေမှာ HD Video တွေ ထုတ်လွှင့်နိုင်ပါတယ်။ Changelog အပြည့်အစုံကို အောက်က ပုံမှာ လေ့လာနိုင်ပါတယ်။

Realme 2 Pro အတွက်လည်း Software Update အသစ်ရရှိသွားပြီ ဖြစ်ပြီး ဖိုင်အရွယ်အစားက 660MB ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် မတ်လအတွက် Android Security Patch ထည့်ထားပြီး Airtel နဲ့ Reliance Jio Customers တွေအတွက် VoWiFi ပါလာပါတယ်။ Side ၂ ခုစလုံးအတွက် Swipe Gestures တွေ ထည့်သွင်းပေးထားပါတယ်။

2 Pro နဲ့ 6 Pro အတွက် Update ကို လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ တစ်ကမ္ဘာလုံးအတွက် ဖြန့်ချိပေးမယ်လို့ ထင်ပါတယ်။ သင့် ဖုန်းမှာ Update ရပြီလားဆိုတာ သိချင်ရင် Settings> Software Update ထဲမှာ စစ်ဆေးနိုင်ပါတယ်။

Ref : gsmarena