Realme ရဲ့ လာမယ့်အပတ်အတွင်းမှာ မိတ်ဆက်မယ့် Realme 6 စီးရီးမှာ ရိုးရိုးဗားရှင်းနဲ့ Pro မော်ဒယ်ဆိုပြီး နှစ်မျိုးပါမှာကို တော်တော်များများသိထားပြီးပါပြီ။ မနေ့က Realme 6 Pro ကို Geekbench ပေါ်မှာ တွေ့ခဲ့ရပြီး သူ့ရဲ့ အဓိက Specs အချို့ကိုလည်း အတည်ပြုနိုင်ခဲ့ပါတယ်။

ယနေ့မှာတော့ Realme 6 ရိုးရိုးဗားရှင်းဟာလည်း မော်ဒယ်နံပါတ် RMX2001 နဲ့ Benchmark စမ်းသပ်ခံဖို့ ရောက်ရှိလာခဲ့ပြန်ပါတယ်။ Realme 6 Vanilla မော်ဒယ်မှာတော့ Qualcomm ချစ်ပ်ဆက်အစား MediaTek Helio G90 SoC ကိုသာ အသုံးပြုထားတာကို တွေ့ရပါတယ်။

သူ့မှာလည်း Android 10 OS ကိုပဲ အသုံးပြုလာတာ တွေ့ရပြီး မန်မိုရီက 8GB RAM ဖြစ်ပါတယ်။ ဒီဖုန်းဟာ Single-core စမ်းသပ်မှုမှာ 508 မှတ်ရရှိခဲ့ကာ Multi-core စစ်ဆေးမှုမှာတော့ 1633 မှတ် ရရှိခဲ့ပါတယ်။ ဒီရလဒ်တွေဟာ Realme 6 Pro ဗားရှင်းနဲ့ သိပ်မကွာလှပါဘူး။

Realme 6 စီးရီးကို မတ်လ ၆ ရက်နေ့မှာ မိတ်ဆက်လာတော့မှာဖြစ်ပြီး ကုမ္ပဏီရဲ့ ပထမဆုံး Fitness Band ကိုပါ ပွဲထုတ်လာမယ်လို့ မျှော်လင့်ရပါတယ်။

Ref – GSM Arena