Realme ဟာ ပြီးခဲ့တဲ့မတ်လမှာ Realme 6i ကို မိတ်ဆက်ခဲ့ပေမယ့် သူတို့ရဲ့အဓိကဈေးကွက်တစ်ခုဖြစ်တဲ့ အိန္ဒိယဈေးကွက်ကိုတော့ Narzo 10 အမည်သစ်နဲ့ မေလမှာ ကြေညာခဲ့ပါတယ်။

အခုတော့ Realme ဟာ အိန္ဒိယနိုင်ငံအတွက် Realme 6i အမည်နဲ့ ဟန်းဆက်ကို ထပ်မံမိတ်ဆက်ဦးမှာဖြစ်ပြီး Realme 6s ကို အခြေခံထားမယ်လို့ ဆိုလာပါတယ်။

ဒီသတင်းဟာ အိန္ဒိယစတိုးတစ်ခုမှာ Realme 6i အမည်နဲ့ ပိုစတာတင်ထားတဲ့ ပုံနဲ့အတူ ထွက်လာခဲ့တာပါ။ သူ့မှာ Specs အချို့နဲ့ ကာလာနှစ်မျိုးတို့ကို ပြသလာခဲ့ပါတယ်။ အနက်နဲ့ အဖြူရောင်နှစ်မျိုးဖြင့် ထွက်လာမယ့် Realme 6i အတွက် မိတ်ဆက်ရက်ကိုတော့ မသိရသေးပေမယ့် နောက်အပတ်လောက်ထဲမှာ ထွက်လာနိုင်ပါတယ်။

Realme 6i ဟာ Realme 6s လိုပဲ မန်မိုရီ Config တစ်ခုသာ ပါမှာဖြစ်ပြီး 4GB RAM / 64GB Storage တစ်မျိုးပဲ ရွေးချယ်နိုင်မယ်လို့လည်း သတင်းတွေက ဆိုပါတယ်။ Realme 6i ရဲ့ အိန္ဒိယဈေးနှုန်းကို မသိရသေးပေမယ့် ရူပီး ၁၄,၉၉၉ (မြန်မာငွေ နှစ်သိန်းခုနစ်သောင်းခွဲ) နဲ့ Realme 6 ထက်ကို ဈေးသက်သာဦးမှာပါ။

Ref – GSMArena