Realme ဟာ Realme X စီးရီးတွေကို လာမယ့် စက်တင်ဘာလ ၁ ရက်နေ့မှာ တရုတ်နိုင်ငံဈေးကွက်ထဲ စတင်ရောင်းချမှာ ဖြစ်ပါတယ်။ စတင်ရောင်းချမယ့် X စီးရီးထဲမှာတော့ Realme X7 နဲ့ Realme X7 Pro တို့ ပါဝင်မယ်လို့ သိရပါတယ်။ ဒါ့အပြင် ကုမ္ပဏီဟာ အခြားဈေးကွက်တွေမှာလည်း စမတ်ဖုန်းအသစ်တွေ မိတ်ဆက်ရောင်းချသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Tipster တစ်ဦးဖြစ်တဲ့ Mukul Sharma မျှဝေလိုက်တဲ့ သတင်းတစ်ခုကတော့ NBTC authority ဟာ Realme 7Pro, Realme 7i နဲ့ Realme C17 စတဲ့ ဟန်းဆက်သစ်တွေကို ခွင့်ပြုပေးလိုက်ပြီလို့ သိရပါတယ်။ ဒါပေမယ့် NBTC အသိအမှတ်ပြုလက်မှတ်ဟာ ဟန်းဆက်သစ်တွေရဲ့ အချက်အလက်တွေကိုတော့ အသေးစိတ်ဖော်ပြထားခြင်းမရှိပါဘူး။

NBTC အရ Realme C17 ဟာ မော်ဒယ်နံပါတ် RMX2101 နဲ့ဖြစ်ပြီး Realme 7i ကတော့ မော်ဒယ်နံပါတ် RMX2103 နဲ့ဖြစ်ပါတယ်။ Realme 7 Pro ရဲ့ မော်ဒယ်နံပါတ်ကိုတော့ RMX2170 အဖြစ် ဖော်ပြထားပါတယ်။ TUV Rheinland certification platform မှာတော့ RMX2170 ဟန်းဆက်မှာ 2,200mAh ဘက်ထရီနှစ်လုံးပါရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် 65W အားသွင်းစနစ်ကိုလည်း ထောက်ပံ့ကြောင်း ဖော်ပြထားပါသေးတယ်။

Realme RMX2170 ဟာ Wi-Fi Alliance authority မှာလည်း အသိအမှတ်ပြုမှုရရှိပြီး ဖြစ်ပါတယ်။ Wi-Fi 5 နဲ့ Android 10 ကိုထောက်ပံ့ပေးပြီး အိန္ဒိယစံချိန်စံညွှန်းဆိုင်ရာဗျူရို (BIS) ကလည်း ဒီဟန်းဆက်ကို အတည်ပြုပြီးဖြစ်ပါတယ်။ RMX2170 ဟာ RMX2176 ရဲ့ မူကွဲအမျိုးအစားဖြစ်ဖွယ်ရှိပါတယ်။ ဒါကြောင့် Snapdragon 765G သုံးထားတဲ့ Realme X7 ဟာ စက်တင်ဘာမှာ စတင်ပွဲထွက်လာဖွယ်ရှိပါတယ်။

Realme 7i (RMX2103) ဟာ China Quality Certification agency ကနေ အသိအမှတ်ပြုလက်မှတ် ရရှိပြီးဖြစ်ပါတယ်။ MyFixGuide က ဖော်ပြတဲ့ စာရင်းအရ 4,890mAh ပမာဏ ဘက်ထရီနဲ့ ဖြစ်ပါတယ်။ 18W အမြန်အားသွင်းစနစ်လည်း ထောက်ပံ့ထားပါသေးတယ်။ Realme C17 ကတော့ အင်ဒိုနီးရှားရဲ့ TKDN authority က ပြီးခဲ့တဲ့ မေလကတည်းက အသိအမှတ်ပြုပြီး ဖြစ်ပါတယ်။

Ref: Gizmochina