realme နှင့် Cloud Chasers တို့ပူးပေါင်းစီစဥ်ကျင်းပသည့် Real Cup (MLBB Tournament) ပြိုင်ပွဲတွင် realme 9i ဖုန်း ၄လုံးအထိချီးမြှင့်ပေးမည့် Performance King Award “Guess and Win Campaign” တွင်ဝင်ရောက်ခန့်မှန်းယှဥ်ပြိုင်နိုင်

Real Cup (MLBB Tournament) နောက်ဆုံး Grand Final ယှဥ်ပြိုင်မှုတွင် R-fan များပါဝင်ကစားနိုင်မည့် Fun Match ပွဲစဥ်ကို ထည့်သွင်းပေးသွားမည်

“ဝယ်ရင်မှန်၊ သုံးရင်တန်” စေမည့် realme 9i စမတ်ဖုန်းသစ်ကို မတ်လ (၁၈) ရက်နေ့မှ မတ်လ (၂၄) ရက်နေ့အထိ Pre-order ကြိုတင်မှာယူခြင်းများကို လက်ခံပေးခဲ့ပြီး မတ်လ (၂၅) ရက်နေ့တွင် တစ်နိုင်ငံလုံး၌စတင်ရောင်းချပေးခဲ့ရာ သုံးစွဲသူများ၏စိတ်ဝင်စားမှုအရှိန်ပိုမိုမြင့်တက်လျက်ရှိကြောင်း သိရှိရသည်။

realme 9i တွင် စွမ်းဆောင်ရည်မြင့် Qualcomm Snapdragon 680 Chipset ကိုအသုံးပြုပေးထားပြီး 6nm တည်ဆောက်ပေးထားမှုကြောင့် Power Efficiency ပိုင်းတွင် များစွားအားသာချက်ရရှိစေမည်ဖြစ်သည့်အပြင် ကြာရှည်ခံစေမည့် 5000mAh Massive Battery ကို အားသွင်းပိုမိုမြန်စေမည့် 33W Dart Charge စနစ်ဖြင့် တွဲဖက်ပေးထားခြင်းဖြစ်သည်။

ဓာတ်ပုံရိုက်ကူးမှုအပိုင်းအတွက်လည်း 50MP ကင်မရာ ၃လုံးစနစ်နှင့် ရှေ့ဘက် 16MP AI Selfie ကင်မရာတို့ကို တပ်ဆင်ပေးထားသည်။ ဆန်းသစ်လှပသော Prism Blue နှင့် Prism Black ၂ ရောင်ကိုရွေးချယ်နိုင်စေမည်ဖြစ်ပြီး 6+128 GB version ကို စျေးနှုန်း ၃၉၉,၉၀၀ ကျပ်ဖြင့်ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

ဝယ်ယူသူများအနေဖြင့် realme ကပေးအပ်ထားသည့် realme (Cup+Fan) ကိုလက်ဆောင်အဖြစ် သတ်မှတ်ကာလအတွင်း ရရှိစေမည်ဖြစ်သည့်အပြင် MPT Data 1GB နှင့် MPT အချင်းချင်းဖုန်းခေါ်ဆိုမှု (၅၀ မိနစ်) စာတို့ကို တစ်လလျှင် ဖုန်းဘေလ် (၃၀၀၀) ထည့်သွင်းရုံဖြင့် (၆)လ ဆက်တိုက်အထိရရှိစေမည်ဖြစ်သည်။

ထို့အပြင် (after sale) အထူးဝန်ဆောင်မှုအဖြစ် ဧပြီလ (၃၀) ရက်နေ့မတိုင်ခင်ဝယ်ယူသူများအနေဖြင့် စတင်ဝယ်ယူသည့်နေ့မှ (၃)လအတွင်း ဖုန်းမျက်နှာပြင် (မတော်တဆ)ကွဲခြင်းအတွက် မျက်နှာပြင် တစ်ကြိမ် (အခမဲ့) လဲလှယ်ခွင့်ကိုပါ ပေးအပ်သွားမည်ဖြစ်သည်။

ထို့အပြင် လူငယ်များစိတ်ဝင်စားလျက်ရှိသည့် Mobile Legends: Bang Bang (MLBB) ဂိမ်းအတွက် Cloud Chasers နှင့်လက်တွဲပူးပေါင်းကာ Real Cup Tournament ကိုကျင်းပပြုလုပ်လျက်ရှိပြီး လက်ရှိတွင် Qualifier အဆင့်မှတက်ရောက်လာသော အသင်း (၄) သင်းဖြစ်သည့် Team Unicorn၊ Trend Esports၊ Falcon Nex နှင့် I-Plus Esports တို့က တိုက်ရိုက်ဖိတ်ကြားခြင်းခံရသည့် Falcon Esports၊ Ai Esports၊ Genesis Esports နှင့် Burmese Ghouls တို့နှင့် အုပ်စု (၂)စုခွဲကာ လာမည့် မတ်လ (၂၈) ရက်နေ့ နေ့လယ်ပိုင်းမှစတင်ပြီး အုပ်စုအဆင့်ပွဲစဥ်များကို တိုက်ရိုက်ယှဥ်ပြိုင်သွားကြမည်ဖြစ်ပြီး ယှဥ်ပြိုင်မှုများကို Cloud Chasers Page နှင့် realme Myanmar Page တို့မှတစ်ဆင့် တိုက်ရိုက် (Live) အဖြစ်ထုတ်လွှင့်ပြသပေးသွားမည်ဖြစ်သည်။

Real Cup ပြိုင်ပွဲတွင် Performance King Award “Guess and Win Campaign” အဖြစ် ပြိုင်ပွဲတစ်လျှောက်လုံးတွင် MVP အကြိမ်အရေအတွက်အများဆုံးရရှိသည့် အကောင်းဆုံးကစားသမား (Performance King of the Tournament)၊ Damage အများဆုံးကို အသင်းအတွက်ကာကွယ်ခံယူပေးသွားမည့် Tank ကစားသမား (Strongest King of the Tournament)နှင့် ပြိုင်ပွဲတစ်လျှောက် အချိန်အကြာမြင့်ဆုံး Undead မသေအောင်ကစားနိုင်သည့်ကစားသမား (Longest King of the Tournament) တို့ကို ခေါင်းစဥ်တစ်ခုချင်းစီအလိုက် မှန်ကန်အောင်ခန့်မှန်းပြီး “လျင်မြန်သွက်လက် အကြမ်းဆုံး 6nm Chipset” နှင့်အသစ်ထွက်ရှိလာသည့် realme 9i ဖုန်း ၄လုံးကို ဆွတ်ခူးရရှိနိုင်စေမည်ဖြစ်သည်။

အဖြေများကို မတ်လ (၂၈) ရက်နေ့ အုပ်စုအဆင့်ပွဲစဥ်းများ မစတင်မီအထိ ယခုဖော်ပြပါ Link (https://bit.ly/3ul1AR8) ထဲတွင် ဝင်ရောက်ဖြည့်စွက် ခန့်မှန်းနိုင်မည်ဖြစ်သည်။ ခန့်မှန်ပြိုင်ပွဲနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကိုလည်း အဆိုပါ Link ထဲတွင် တစ်ပါတည်ဖော်ပြပေးထားသည်။

ယခင်က realme ထုတ်ကုန်သစ်မိတ်ဆက်ပွဲများတွင် ထည့်သွင်းပြုလုပ်ပေးလေ့ရှိသည့် Fun Match အစီအစဥ်ကိုလည်း ယခု Real Cup နောက်ဆုံးအဆင့် Grand Final Day တွင်အထူးအနေဖြင့်ထည့်သွင်းပေးသွားဦးမည်ဖြစ်ပြီး Gaming KOL များဖြစ်ကြသည့် Gu Gu နှင့် IngyiN RR တို့နှင့်အတူ တစ်ဖက်စီပါဝင်ကာ (MLBB) ပွဲစဥ်တစ်ပွဲကို ကစားခွင့်ရရှိစေမည်ဖြစ်သည့်အတွက် အသင်းသားခေါ်ယူအားဖြည့်ခြင်းကို realme Myanmar Page မှတစ်ဆင့် မတ်လ (၂၈) ရက်မှစတင်ကာ Invitation ကိုခေါ်ယူသွားမည်ဖြစ်သည်။

ထို့အတွက်ကြောင့် ပါဝင်ကစားရန်စိတ်ဝင်စားကြသည့် R-fan များအနေဖြင့် realme Myanmar (Facebook Page) ကို စောင့်ကြည့်ပါဝင်နိုင်မည်ဖြစ်သည်။ အဆိုပါ Fun Match ကိုလည်း တစ်နိုင်ငံလုံးမှကြည့်ရှုသူများအတွက် တိုက်ရိုက် (Live) အဖြစ်ပါ ထုတ်လွှင့်တင်ဆက်ပေးသွားဦးမည်ဖြစ်သည်။