realme Myanmar က မြန်မာပြည်စမတ်ဖုန်းစျေးကွက်အတွက် “ဝယ်ရင်မှန်၊ သုံးရင်တန်” စေမည့် Entry mid-range အမျိုးအစားဖြစ်သော realme 9i စမတ်ဖုန်းသစ်ကို လာမည့် မတ်လ (၁၇) ရက်နေ့တွင် realme Myanmar Facebook page နှင့်အတူ အခြားသော မိတ်ဖက်မီဒီယာ Facebook page တို့မှ တရားဝင်မိတ်ဆက်ကြေညာပေးသွားမှာဖြစ်ပါတယ်။ realme 9i (Online Launch Event) ပွဲသို့ လာရောက်ကြည့်ရှုသူများအနေဖြင့် realme Myanmar က မေးမြန်ထားသည့်မေးခွန်းလေးများကိုဖြေဆိုကာ အသစ်စက်စက် realme 9i တစ်လုံးကိုပါ ကံထူးနိုင်မှာပါ။

realme 9i တွင် ထူးခြားဆွဲဆောင်မှုရှိသော Stereo Prism Design ကိုအခြေပြုဖန်တီးပေးထားပြီး Prism Blue နှင့် Prism Black ၂ရောင်ကို ရွေးချယ်နိုင်ပါမယ်။ realme 9i စမတ်ဖုန်းသစ်မှာ all-rounder ဘက်စုံသုံးနိုင်စေမည့်စမတ်ဖုန်းတစ်လုံးအဖြစ်ရည်ရွယ်ထုတ်လုပ်ထားပြီး စွမ်းဆောင်ရည်ပိုင်း၊ အားသွင်းစနစ်ပိုင်း၊ ဘက်ထရီသက်တမ်းတို့တွင် သီသာသည့်တိုးတက်မှုများကို ပိုမိုရရှိစေပါလိမ့်မယ်။ realme 9i တွင်အသုံးပြုပေးထားသည့် စွမ်းဆောင်ရည်မြင့် Qualcomm Snapdragon 680 Chipset မှာ 6nm တည်ဆောက်မှုအပေါ်အခြေခံထားခြင်းကြောင့် လျင်မြန်သွက်လက်သည့် အကြမ်းဆုံးဂိမ်းအတွေ့အကြုံကိုရရှိစေမည့်အပြင် ဘက်ထရီအကုန်မြန်ခြင်းကိုလည်း များစွာသက်သာစေမှာဖြစ်ပါတယ်။ ကြီးမားကြာရှည်ခံစေမည့် 5000 mAh ဘက်ထရီနှင့်အတူ ပိုမိုမြန်ဆန်သည့်အားသွင်းစနစ် 33W Dart Charge ကိုပါ ထည့်သွင်းပေးထားခြင်းကြောင့် Power Consumption ပိုင်းမြင့်မားသည့် သုံးစွဲသူများအတွက်ပါ အချိန်တိုအတွင်းအားသွင်းနိုင်မှာပါ။

50MP AI Triple ကင်မရာစနစ်ကြောင့် ရုပ်ထွက်မြင့်မားသော ဓာတ်ပုံကောင်းများကိုပါဖန်တီးယူနိင်မည်ဖြစ်ပြီး 16MP Selfie ကင်မရာဖြင့်လည်း အလှဆုံးပုံရိပ်များကို မိမိတစ်ယောက်တည်းသော်လည်းကောင်း၊ မိမိချစ်ရသူနှင့်အတူတွဲ၍သော်လည်းကောင်း Memory တစ်ခုအနေဖြင့်ရိုက်ယူသိမ်းဆည်းထားနိုင်မှာဖြစ်ပါတယ်။

realme 9i ကို မတ်လ (၁၈) ရက်နေ့မှ မတ်လ (၂၄) ရက်နေ့အတွင်း Pre-order ကြိုတင်မှာယူသူများအနေဖြင့် အထူးလက်ဆောင်အဖြစ် Mini Air Purifier (လေသန့်စင်စက်) ကိုရရှိစေမည်ဖြစ်သည့်အပြင် MPT Data (1GB) နှင့် MPT အချင်းချင်းဖုန်းခေါ်ဆိုမှု ၅၀ မိနစ်စာတို့ကို (၆)လ အထိ ဆက်တိုက်ရရှိစေမှာဖြစ်ပါတယ်။

ထို့အပြင် Pre-order ကြိုတင်မှာယူမှုကာလကျော်လွန်ပြီး မတ်လ ၂၅ရက်နေ့မှစတင်ဝယ်ယူသူများအနေဖြင့်လည်း Standard Gift-set လက်ဆောင်အဖြစ် realme Cup နှင့် Fan တို့ကိုရရှိမည်ဖြစ်သည့်အပြင် MPT Data (1GB) နှင့် MPT အချင်းချင်းဖုန်းခေါ်ဆိုမှု ၅၀ မိနစ်စာတို့ကို (၆)လ ဆက်တိုက် ဆက်လက်ရရှိစေဦးမှာပါ။

realme Myanmar က နောက်ထပ်ထူးခြားသည့် after-sale အထူးဝန်ဆောင်မှုတစ်ခုအဖြစ် သတ်မှတ်ထားသည့် Pre-order ကာလမှ ဧပြီလ ၃၀ ရက်အတွင်းဝယ်ယူသည့်မည်သည့် customer အတွက်မဆို (စတင်ဝယ်ယူသည့်နေ့မှ ၃လအတွင်း) မတော်တဆဖုန်းမျက်နှာပြင်ကွဲခြင်းအတွက် မျက်နှာပြင်တစ်ကြိမ် (အခမဲ့) လဲလှယ်ခွင့်ကိုပါ ပေးအပ်သွားမှာဖြစ်ပါတယ်။

realme 9i ၏ အသေးစိတ်အချက်အလက်များနှင့်အတူ “ဝယ်ရင်မှန်၊ သုံးရင်တန်” ဆိုသည့်ဆောင်ပုဒ်အတိုင်း Mystery Price အဖြစ် အံ့သြစရာကောင်းစေမည့် စျေးနှုန်းကိုပါ မတ်လ (၁၇) ရက်နေ့တွင်ပြုလုပ်မည့် တရားဝင်မိတ်ဆက်ပွဲအခမ်းအနားတွင် ကြေညာပေးသွားမှာဖြစ်ပါတယ်။