realme က Slogan အသစ်ကို ကြေညာလိုက်ပြီး “Make it real” လို့ အမည်ပေးထားပါတယ်။ realme ရဲ့ အရာရှိ တစ်ယောက်က ဒီနှစ်မှာ realme ရဲ့ နည်းဗျူဟာ အားလုံးကို တီထွင်ဆန်းသစ်မယ်လို့ ပြောပါတယ်။

ကုမ္ပဏီဟာ အခွင့်အလမ်း ဦးစားပေး စနစ် ကနေ Brand ဦးစားပေး စနစ်ကို  အသွင်ပြောင်းမှာ ဖြစ်ပြီး လူငယ်တွေကြိုက်တဲ့ ထုတ်ကုန်တွေကို ထုတ်လုပ်မှာ ဖြစ်ပါတယ်။

realme ဟာ ဈေးကွက်ကို ရောက်နေတာ ၅ နှစ်ကျော်ကြာပြီ ဖြစ်ပြီး သူ့ရဲ့ လမ်းကြောင်းကို ပြောင်းမှာ မဟုတ်ဘူးလို့ အရာရှိက ပြောပါတယ်။ နည်းဗျူဟာ ပြောင်းလဲမှုဟာ Trend အခြေပြု ကုမ္ပဏီ ကနေ ရေရှည်အောင်မြင်မယ့် ကုမ္ပဏီ ဖြစ်အောင် ဖြစ်ပါတယ်။

realme's new mantra for youth in 2024: 'Make it real'

အရာရှိ Sky Li က realme logo ကို အဆင့်မြှင့်တင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။ လက်ရှိမှာတော့ realme logo ဟာ ၂၀၁၉ ခုနှစ်က အတိုင်း ဖြစ်ပြီး ဘယ်လို ပြောင်းလဲမလဲ ဆိုတာ မသိရသေးပါဘူး။

Sky Li ရဲ့ စာမှာ စာလုံးပေါင်း ၁,၇၀၀ ကျော်ရှိပြီး ကုမ္ပဏီရဲ့ အရောင်းမြှင့်တင်မယ့် နည်းဗျူဟာ များစွာကို ပြောကြားသွားပါတယ်။ realme ဟာ စမတ်ဖုန်း လောကမှာ အလျှင်မြန်ဆုံး အောင်မြင်လာတဲ့ ကုမ္ပဏီ ဖြစ်ပြီး Note Series အသစ်ကိုလည်း ထုတ်လုပ်ရောင်းချမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gsmarena