[Zawgyi]

Realme Mobiles က အိႏၵိယမွာ ဒီလ ၁၅ ရက္တြင္ Realme X Spider-Man Edition ကို ေၾကညာဖုိ႔ သတ္မွတ္ထားပါတယ္။ ဒါေပမယ့္လည္း တရား၀င္ မိတ္ဆက္ပြဲ မတိုင္ခင္မွာပဲ သူ႔ကို ျပသလိုက္ပါတယ္။ စမတ္ဖုန္း ကုမၸဏီမ်ားဟာ လူႀကိဳက္မ်ားတဲ့ ရုပ္ရွင္ဇာတ္ကားမ်ားအတြက္ အထူး ဖန္တီးထားတဲ့ စမတ္ဖုန္း ေမာ္ဒယ္မ်ားကို ထုတ္လုပ္ေရာင္းခ်ေလ့ရွိပါတယ္။ OnePlus, Xiaomi , Oppo တို႔ဟာ ဒီလို စမတ္ဖုန္းမ်ား ထုတ္လုပ္ခဲ့ဖူးပါတယ္။ အခုလည္း Realme X အတြက္   Spider-Man Edition ကို ေရာင္းခ်ေတာ့မွာပါ။

Realme CEO Madhav Sheth က သူ႔ကို ရူပီး ၁၈ ၀၀၀ ေလာက္နဲ႔ ေရာင္းမယ္လို႔ ေျပာထားပါတယ္။ ျမန္မာေငြ ၄၀၀ ၀၀၀ နီးပါး က်သင့္မွာပါ။ Realme X Spider-Man Far From Home Gift Box ကို အနီေရာင္ျပဳလုပ္ထားပါတယ္။ ပင့္ကူလူသား သေကၤတ ႏွစ္ခုကို ဘူးမွာ ေရးထြင္းထားပါတယ္။ ဘူးထဲမွာ Realme X , VOOC 3.0 Adapter, Spider-Man Case , SIM-Eject Pin မ်ား ပါပါတယ္။

ဘူးထဲမွာ ျပသထားတဲ့ ေမာ္ဒယ္ဟာ Steam White ျဖစ္ပါတယ္။ အျပာေရာင္ကိုပါ ေရာင္းခ်မလား ဆိုတာ မသိရေသးပါဘူး။ ဖုန္းကို ပါ၀ါဖြင့္လိုက္ရင္ Wallpaper နဲ႔ Icon Packs မ်ား အပါအ၀င္ Spider-Man Theme နဲ႔ User ကို ႏႈတ္ဆက္မွာ ျဖစ္ပါတယ္။ အဲဒီ အရာမ်ားကလြဲၿပီး အျခား Specs မ်ားက မူလ Realme X နဲ႔ တူညီပါတယ္။

Realme X မွာ  ၆.၅ လက္မ AMOLED Display တပ္ဆင္ထားပါတယ္။  Qualcomm Snapdragon 710 Chipset နဲ႔ 16MP Pop-up Camera မ်ား ထည့္သြင္းထားပါတယ္။ အေနာက္ဘက္မွာ 48MP+5MP Dual Camera မ်ား ပါပါတယ္။ 4GB RAM + 64GB, 4GB + 64GB or 8GB + 128GB  မ်ား ေရြးခ်ယ္ႏုိင္ပါတယ္။ Android 9.0 အေျချပဳ ColourOS 6 ေမာင္းနွင္ထားပါတယ္။ ဘက္ထရီကေတာ့ 3,765mAh ဘက္ထရီ ျဖစ္ပါတယ္။ မိနစ္ ၃၀ အတြင္း အား ၅၅ ရာခိုင္ႏႈန္းအထိ သြင္းေပးႏိုင္ပါတယ္။

Ref : techradar

[Unicode]

Realme X Spider-Man Edition ကို ပြသလိုက်ပြီ

Realme Mobiles က အိန္ဒိယမှာ ဒီလ ၁၅ ရက်တွင် Realme X Spider-Man Edition ကို ကြေညာဖို့ သတ်မှတ်ထားပါတယ်။ ဒါပေမယ့်လည်း တရားဝင် မိတ်ဆက်ပွဲ မတိုင်ခင်မှာပဲ သူ့ကို ပြသလိုက်ပါတယ်။ စမတ်ဖုန်း ကုမ္ပဏီများဟာ လူကြိုက်များတဲ့ ရုပ်ရှင်ဇာတ်ကားများအတွက် အထူး ဖန်တီးထားတဲ့ စမတ်ဖုန်း မော်ဒယ်များကို ထုတ်လုပ်ရောင်းချလေ့ရှိပါတယ်။ OnePlus, Xiaomi , Oppo တို့ဟာ ဒီလို စမတ်ဖုန်းများ ထုတ်လုပ်ခဲ့ဖူးပါတယ်။ အခုလည်း Realme X အတွက် Spider-Man Edition ကို ရောင်းချတော့မှာပါ။

Realme CEO Madhav Sheth က သူ့ကို ရူပီး ၁၈ ၀၀၀ လောက်နဲ့ ရောင်းမယ်လို့ ပြောထားပါတယ်။ မြန်မာငွေ ၄၀၀ ၀၀၀ နီးပါး ကျသင့်မှာပါ။ Realme X Spider-Man Far From Home Gift Box ကို အနီရောင်ပြုလုပ်ထားပါတယ်။ ပင့်ကူလူသား သင်္ကေတ နှစ်ခုကို ဘူးမှာ ရေးထွင်းထားပါတယ်။ ဘူးထဲမှာ Realme X , VOOC 3.0 Adapter, Spider-Man Case , SIM-Eject Pin များ ပါပါတယ်။

ဘူးထဲမှာ ပြသထားတဲ့ မော်ဒယ်ဟာ Steam White ဖြစ်ပါတယ်။ အပြာရောင်ကိုပါ ရောင်းချမလား ဆိုတာ မသိရသေးပါဘူး။ ဖုန်းကို ပါဝါဖွင့်လိုက်ရင် Wallpaper နဲ့ Icon Packs များ အပါအဝင် Spider-Man Theme နဲ့ User ကို နှုတ်ဆက်မှာ ဖြစ်ပါတယ်။ အဲဒီ အရာများကလွဲပြီး အခြား Specs များက မူလ Realme X နဲ့ တူညီပါတယ်။

Realme X မှာ ၆.၅ လက်မ AMOLED Display တပ်ဆင်ထားပါတယ်။ Qualcomm Snapdragon 710 Chipset နဲ့ 16MP Pop-up Camera များ ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 48MP+5MP Dual Camera များ ပါပါတယ်။ 4GB RAM + 64GB, 4GB + 64GB or 8GB + 128GB များ ရွေးချယ်နိုင်ပါတယ်။ Android 9.0 အခြေပြု ColourOS 6 မောင်းနှင်ထားပါတယ်။ ဘက်ထရီကတော့ 3,765mAh ဘက်ထရီ ဖြစ်ပါတယ်။ မိနစ် ၃၀ အတွင်း အား ၅၅ ရာခိုင်နှုန်းအထိ သွင်းပေးနိုင်ပါတယ်။

Ref : techradar