realme က ကိုရီးယား အနုပညာရှင် Grafflex ဒီဇိုင်းထုတ်ထားတဲ့ Watch S Master Edition ကို ကြေညာလိုက်ပါတယ်။ အတွင်းပိုင်း အစိတ်အပိုင်းတွေက Watch S နဲ့ တူညီပေမယ့် အထူး ဒီဇိုင်းထုတ်ထားတဲ့ လက်ပတ်ကြိုး၊ Watch Faces နဲ့ ဘူးခွံတွေ ပါပါတယ်။

Watch S Master Edition ကို ၅,၉၉၉ ရူပီး သတ်မှတ်ထားပြီး ၁ သိန်း ၈ ထောင်လောက် ကျသင့်ပါတယ်။ မကြာခင် အိန္ဒိယမှာ ရောင်းမှာ ဖြစ်ပေမယ့် ကုမ္ပဏီက နေ့ရက် အတိအကျကို မပြောသေးပါဘူး။ လက်ပတ်ကြိုးကို လဲတပ်နိုင်ပြီး ဆီလီကွန် လက်ပတ်ကြိုးအတွက် Orange, Blue , Green အရောင်တွေ ရွေးချယ်နိုင်ပါတယ်။ အဲဒီ လက်ပတ်ကြိုးတွေကို နောက်လ ၅ ရက်နေ့ ရောင်းမှာပါ။ သားရေ လက်ပတ်ကြိုးအတွက် Brown, Black , Blue , Green အရောင်တွေ ထုတ်လုပ်ထားပြီး ရောင်းမယ့် အချိန်ကို မသိရသေးပါဘူး။

realme Buds Air Pro Master Edition ကို Jose Levy က ဒီဇိုင်းထုတ်ထားပြီး Specs တွေက ရိုးရိုး မော်ဒယ်နဲ့ တူပါတယ်။ ဒါပေမယ့် Full Mirror ဒီဇိုင်းကို သုံးထားပြီး New Wave Silver လို့ခေါ်တဲ့ အရောင်အသစ်ပါလာကာ နားကြပ်ထိပ်ဖူးက အနက်ရောင် ဖြစ်ပါတယ်။

Realme announces Watch S Pro, Watch S Master Edition, and Buds Air Pro Master Edition

၄,၉၉၉ ရူပီး သတ်မှတ်ထားပြီး ၉ သောင်းလောက် တန်ကြေးရှိပါတယ်။ အိန္ဒိယမှာ နောက်လ ၈ ရက်နေ့ ရောင်းမှာ ဖြစ်ပါတယ်။

Ref : gsmarena