လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်မေလက စမတ်ဖုန်းအမှတ်တံဆိပ်အနေနဲ့ စတင်လာတဲ့ Realme ဟာ အခုအချိန်မှာတော့ သူ့ရဲ့ထုတ်ကုန်လိုင်းကိုတိုးချဲ့ပြီး TWS earphones, fitness bands, smartwatches, Smart TV နဲ့ 1+4+N မဟာဗျူဟာလိုမျိုး Soundbar တွေပါထုတ်လုပ်ရောင်းချနေတာ ဖြစ်ပါတယ်။

Realme ဟာ ပြီးခဲ့တဲ့ရက်က AIoT ထုတ်ကုန်တွေဖြစ်တဲ့ Watch S Pro, Watch S Master Edition နဲ့ Buds Air Pro Master Edition စတာတွေကို မိတ်ဆက်ခဲ့ပါတယ်။ ဒီ Event နောက်ပိုင်း ကုမ္ပဏီရဲ့ ဒုတိယဥက္ကဌနဲ့ အိန္ဒိယနဲ့ ဥရောပ CEO ဖြစ်တဲ့ Mr. Madhav Sheth နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ လာမယ့် ၂၀၂၁ ပထမသုံးလပတ်အတွင်း Air 2 TWS နားကြပ်ကို ထပ်ပြီးမိတ်ဆက်ပေးဦးမယ်ဆိုတာပါ သိခဲ့ရပါတယ်။

ဒါ့အပြင် Realme ဟာ ပထမသုံးလပတ်မှာ Smart Bulbs ကို စတင်မှာဖြစ်ပြီး Realme Link app ကတစ်ဆင့် အဝေးကနေ ထိန်းချုပ်နိုင်မှာလည်း ဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ လာမယ့် ၂၀၂၁ ခုနှစ်အတွင်း AIoT အစိတ်အပိုင်းမှာ ထုတ်ကုန်ပေါင်း ၁၀၀ ကျော် ထည့်သွင်းဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။ အထူးသဖြင့် အိန္ဒိယဈေးကွက်မှာ စတင်မယ်လို့လည်း Sheth ကဆိုပါတယ်။

“ကျွန်တော်တို့ဟာ Realme ရဲ့ ဂေဟစနစ်ကို အိန္ဒိယမှာတည်ဆောက်ဖို့နဲ့ လွတ်လပ်ပြီးစိတ်ကြိုက်ရွေးချယ်နိုင်တဲ့ ထိပ်တန်းနည်းပညာကိုအသုံးပြုပြီး၊ လူတိုင်းရဲ့ဘဝကို မြှင့်တင်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။ အခြေခံအားဖြင့်ဆိုရင်တော့ စမတ်ကျပြီး ချိတ်ဆက်မှုရှိနေတဲ့ ဂေဟာတစ်ခုပေါ့။ ဒါကြောင့် ကျွန်တော်တို့ရဲ့ Team ဟာ အခြားအမျိုးအစားတွေကိုလည်း ရှာဖွေနေပါတယ်” လို့ Sheth ကပြောပါတယ်။

Realme အနေနဲ့ လာမယ့် ၂၀၂၁ ခုနှစ်မှာ အံ့သြစရာကောင်းတဲ့ ထုတ်ကုန်မိတ်ဆက်မှုတွေပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။ Realme ရဲ့ AIoT ထုတ်ကုန်ပိုင်းမှာ Fitness band, smartwatches, TWS earphones, smart plug, security camera နဲ့ Smart TV တွေကို တွေ့မြင်ထားရတာလည်း ဖြစ်ပါတယ်။

Ref: GSM Arena