[Unicode]

Realme က ဈေးအရမ်းချိုတဲ့ Wireless Earphones ကို ကြေညာလိုက်ပါတယ်။ Realme Buds Air လို့ နာမည်ပေးထားပြီး Wireless Charging ပါတဲ့ ပလတ်စတစ် Case ပါလာပါတယ်။ Case ကနေ ထုတ်လိုက်တာနဲ့ သင့်ဖုန်းနဲ့ အလိုလို ချိတ်ဆက်ပေးနိုင်ပါတယ်။ ဒါ့အပြင် Google Fast Pair Protocol ပါတဲ့အတွက် Device တွေနဲ့ ချိတ်ဆက်ရာမှာ လျှင်မြန်လွယ်ကူပြီး အလုပ်ရှုပ်သက်သာပါတယ်။

Realme Buds Air မှာ Bluetooth 5.0 နဲ့ချိတ်ဆက်ရင် Latency အနည်းငယ်ပဲ လိုတဲ့ Customized R1 Chip ပါပါတယ်။ ဂိမ်းကစားတဲ့အခါမှာ အသံ နောက်ကျတာကို နည်းပါးစေတဲ့ Gaming Mode ထည့်ထားပါတယ်။ Earphone ၁ ခုစီမှာ Microphone ၂ လုံးစီပါပြီး ၁ လုံးက Call နဲ့ နောက် ၁ လုံးက In-call Noise Cancellation အတွက်ပါ။ အသံကြည်လင်ပြတ်သားစေတဲ့ 12 mm Bass Booster ပါပါတယ်။

နားကနေ ဖြုတ်လိုက်တာနဲ့ သီချင်းကို အလိုလို ရပ်ပေးနိုင်တဲ့ ဆန်ဆာတွေ ပါပါတယ်။ Play/Pause လုပ်ဖို့၊ Voice Assistant ကို Activate လုပ်ဖို့နဲ့ ဖုန်း ဖြေဆိုဖို့အတွက် Touch Control ပါပါတယ်။ ကုမ္ပဏီက ဘက်ထရီ ပမာဏကို မပြောသေးပေမယ့် ၁ ခါအားအပြည့်သွင်းထားရင် ၃ နာရီ အသုံးခံတယ်လို့ ပြောပါတယ်။ Case ထဲက ဘက်ထရီနဲ့ဆိုရင် ၁၇ နာရီကြာ သီချင်းနားထောင်နိုင်ပါတယ်။

အဖြူ၊ လိမ္မော်နဲ့ အနက်ရောင်တွေ ထုတ်လုပ်ထားပြီး Flipkart နဲ့ Realme Website ကနေ ဝယ်ယူနိုင်ပါပြီ။ ရူပီး ၃,၉၉၉ သတ်မှတ်ထားပြီး မြန်မာငွေ ၈၄,၀၀၀ လောက်ကျသင့်မှာပါ။ Realme က Qi Wireless Charger ကိုလည်း မကြာခင် ရောင်းပေးမှာပါ။

Ref : gsmarena

[Zawgyi]

Wireless Charging Case ပါတဲ့ Realme Buds Air ကို ေၾကညာၿပီ

Realme က ေစ်းအရမ္းခ်ိဳတဲ့ Wireless Earphones ကို ေၾကညာလိုက္ပါတယ္။ Realme Buds Air လို႔ နာမည္ေပးထားၿပီး Wireless Charging ပါတဲ့ ပလတ္စတစ္ Case ပါလာပါတယ္။ Case ကေန ထုတ္လိုက္တာနဲ႔ သင့္ဖုန္းနဲ႔ အလိုလို ခ်ိတ္ဆက္ေပးႏုိင္ပါတယ္။ ဒါ့အျပင္ Google Fast Pair Protocol ပါတဲ့အတြက္ Device ေတြနဲ႔ ခ်ိတ္ဆက္ရာမွာ လွ်င္ျမန္လြယ္ကူၿပီး အလုပ္ရႈပ္သက္သာပါတယ္။

Realme Buds Air မွာ Bluetooth 5.0 နဲ႔ခ်ိတ္ဆက္ရင္ Latency အနည္းငယ္ပဲ လိုတဲ့ Customized R1 Chip ပါပါတယ္။ ဂိမ္းကစားတဲ့အခါမွာ အသံ ေနာက္က်တာကို နည္းပါးေစတဲ့ Gaming Mode ထည့္ထားပါတယ္။ Earphone ၁ ခုစီမွာ Microphone ၂ လံုးစီပါၿပီး ၁ လံုးက Call နဲ႔ ေနာက္ ၁ လံုးက In-call Noise Cancellation အတြက္ပါ။ အသံၾကည္လင္ျပတ္သားေစတဲ့ 12 mm Bass Booster ပါပါတယ္။

နားကေန ျဖဳတ္လိုက္တာနဲ႔ သီခ်င္းကို အလိုလို ရပ္ေပးႏုိင္တဲ့ ဆန္ဆာေတြ ပါပါတယ္။ Play/Pause လုပ္ဖို႔၊ Voice Assistant ကို Activate လုပ္ဖို႔နဲ႔ ဖုန္း ေျဖဆိုဖို႔အတြက္ Touch Control ပါပါတယ္။ ကုမၸဏီက ဘက္ထရီ ပမာဏကို မေျပာေသးေပမယ့္ ၁ ခါအားအျပည့္သြင္းထားရင္ ၃ နာရီ အသံုးခံတယ္လို႔ ေျပာပါတယ္။ Case ထဲက ဘက္ထရီနဲ႔ဆိုရင္ ၁၇ နာရီၾကာ သီခ်င္းနားေထာင္ႏိုင္ပါတယ္။

အျဖဴ၊ လိေမၼာ္နဲ႔ အနက္ေရာင္ေတြ ထုတ္လုပ္ထားၿပီး Flipkart နဲ႔ Realme Website ကေန ၀ယ္ယူႏုိင္ပါၿပီ။ ရူပီး ၃,၉၉၉ သတ္မွတ္ထားၿပီး ျမန္မာေငြ ၈၄,၀၀၀ ေလာက္က်သင့္မွာပါ။ Realme က Qi Wireless Charger ကိုလည္း မၾကာခင္ ေရာင္းေပးမွာပါ။

Ref : gsmarena