Unicode
Realme ကနေ အခုအချိန်မှာ Bluetooth Earbuds စျေးကွက်ထဲကို တဖြည်းဖြည်းဝင်ရောက်လာပြီး အခုအချိန်မှာဆိုရင်လည်း Neckband အမျိုးအစားဖြစ်တဲ့ Realme Bluetooth Wireless Earphone ကို စတင်ရောင်းချနေပြီလည်းဖြစ်ပါတယ်။
လောလောဆယ်မှာ ပိုပြီး လူကြိုက်များနေတဲ့ Cable မပါတဲ့ True Wireless Earbuds တွေကို Realme ကနေ မိတ်ဆက်ထားခြင်းမရှိသေးပါဘူး။ အဲ့ဒီအတွက် စျေးသက်သာတဲ့ Redmi AirDots လိုမျိုး True Wireless Earbuds တွေက စျေးကွက်မှာ ပိုအောင်မြင်နေတာဖြစ်ပါတယ်။
ဒါပေမယ့် အခုအချိန်မှာတော့ Realme ကနေ ပထမဆုံးအနေနဲ့ True Wireless Earbuds တစ်ခုကို မိတ်ဆက်လာတော့မှာဖြစ်ပြီးတော့ နာမည်အနေနဲ့ Realme Buds Air ဆိုပြီး ခေါ်ဆိုမှာဖြစ်ပါတယ်။ အဆိုပါ Realme Buds Air ကို လာမယ့်ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ မိတ်ဆက်လာမှာဖြစ်ပြီး India E-commerce Website Flipkart ကနေ စျေးနှုန်းပါ ပေါက်ကြားလာခဲ့ပြီဖြစ်ပါတယ်။
ဒီ Realme Buds Air ဟာဆိုရင် USB-C Charging ကိုပဲ အသုံးပြုလာမှာဖြစ်သလို Design အနေနဲ့ Apple AirPods ပုံစံမျိုးပဲဖြစ်လာမှာပါ။ ဒါပေမယ့် အရောင်အနေနဲ့ အဖြူရောင်၊ အမည်းရောင်အပြင် အဝါရောင်ကိုပါ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ Bluetooth 5.0 ကို အသုံးပြုလာမှာဖြစ်တဲ့အပြင် 12mm Bass Boost Driver လည်း ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။
စျေးနှုန်းအနေနဲ့တော့ အိန္ဒိယရူပီး ၄,၉၉၉ ကျသင့်မှာဖြစ်ပြီး မြန်မာငွေကျပ် ၁ သိန်းကျော် ကျသင့်မှာပဲဖြစ်ပါတယ်။ ဒါက Samsung Galaxy Buds ၊ Huawei Freebuds 3 လိုမျိုး True Wireless Earbuds တွေနဲ့ယှဥ်ရင် စျေးက ထက်ဝက်လောက်သက်သာတယ်ဆိုပေမယ့် Redmi AirDots လိုမျိုး Earbuds တွေနဲ့ ယှဥ်ရင်တော့ သိသိသာသာကို စျေးများနေတာဖြစ်ပါတယ်။
Ref – GSM Arena
Zawgyi
Realme ကနေ အခုအချိန်မှာ Bluetooth Earbuds ဈေးကွက်ထဲကို တဖြည်းဖြည်းဝင်ရောက်လာပြီး Neckband အမျိုးအစားဖြစ်တဲ့ Realme Bluetooth Wireless Earphone ကို စတင်ရောင်းချနေပြီလည်းဖြစ်ပါတယ်။
ဈေးနှုန်းအနေနဲ့တော့ အိန္ဒိယရူပီး ၄,၉၉၉ ကျသင့်မှာဖြစ်ပြီး မြန်မာငွေကျပ် ၁ သိန်းကျော် ကျသင့်မှာပဲဖြစ်ပါတယ်။ ဒါက Samsung Galaxy Buds ၊ Huawei Freebuds 3 လိုမျိုး True Wireless Earbuds တွေနဲ့ယှဉ်ရင် ဈေးက ထက်ဝက်လောက်သက်သာတယ်ဆိုပေမယ့် Redmi AirDots လိုမျိုး Earbuds တွေနဲ့ ယှဉ်ရင်တော့ သိသိသာသာကို ဈေးများနေတာဖြစ်ပါတယ်။
Ref – GSM Arena