[Unicode]

Realme က တရုတ်မှာ ကုမ္ပဏီရဲ့ ပထမဆုံး Earbuds ကို ကြေညာတော့မှာ ဖြစ်ပါတယ်။ Realme Buds Air လို့ နာမည်ပေးထားပြီး ဇန်နဝါရီလ ၇ ရက်နေ့မှာ မျက်ဝါးထင်ထင်မြင်ရတော့မယ်လို့ ကုမ္ပဏီက ပိုစတာ ၁ ခုနဲ့ အသိပေးလိုက်ပါတယ်။ Realme Buds Air ကို ဒီလ အစောပိုင်းက အိန္ဒိယမှာ ကြေညာခဲ့ပြီးပါပြီ။ Realme Buds Air မှာ Bluetooth 5.0 နဲ့ချိတ်ဆက်ရင် Latency အနည်းငယ်ပဲ လိုတဲ့ Customized R1 Chip ပါပါတယ်။ ဂိမ်းကစားတဲ့အခါမှာ အသံ နောက်ကျတာကို ၅၁ ရာခိုင်နှုန်း လျှော့ချပေးပါတယ်။ Realme Buds Air ဟာ 120ms ပဲ နောက်ကျပြီး Apple Airpods ရဲ့ 205ms ထက် နည်းပါတယ်။

Earphone ၁ ခုစီမှာ Microphone ၂ လုံးစီပါပြီး ၁ လုံးက ပတ်ဝန်းကျင်က ဆူညံသံတွေကို ဖယ်ရှားဖို့နဲ့ နောက် ၁ လုံးက ဖုန်း ပြောရင် အသံကြည်လင်စေပါတယ်။ အရွယ်ကြီး 12 mm စပီကာတွေ ထည့်သွင်းထားပြီး စွမ်းရည်မြင့် Bass Effects တွေ ထုတ်လုပ်ပေးတဲ့ Dynamic Bass Boost ထည့်ထားပါတယ်။ အဲဒီအတွက် ရုပ်ရှင် ကြည့်ရင်၊ သီချင်းနားထောင်ရင် အရမ်းမိုက်ပါတယ်။ Earphone မှာ အကွာအဝေး တိုင်းတာတဲ့ ဆန်ဆာ ပါပြီး နားမှာ ဝတ်ဆင်ထားတာကို အာရုံခံနိုင်ပါတယ်။ နားကနေ ဖြုတ်လိုက်တာနဲ့ သီချင်းကို အလိုလို ရပ်ပေးနိုင်တဲ့ လုပ်ဆောင်ချက်က မိုက်ပါတယ်။

Play/Pause လုပ်ဖို့၊ Voice Assistant ကို Activate လုပ်ဖို့နဲ့ ဖုန်း ဖြေဆိုဖို့အတွက် Touch Control ပါပါတယ်။ ၂ ချက်နှိပ်ရင် Play/Pause လုပ်ပေးပြီး ၃ ချက်နှိပ်ရင် နောက်သီချင်းကို ကျော်ပေးပါတယ်။ အကြာကြီး ဖိထားရင် Google Assistant ကို ဆင့်ခေါ်ပေးပါတယ်။ အဖြူ၊ လိမ္မော်နဲ့ အနက်ရောင်တွေ ထုတ်လုပ်ထားပြီး ကြိုးမဲ့အားသွင်းစနစ် ထောက်ပံ့ပါတယ်။

Wireless Charging ပါတဲ့ ပလတ်စတစ် Case ပါလာပါတယ်။ Case ကနေ ထုတ်လိုက်တာနဲ့ သင့်ဖုန်းနဲ့ အလိုလို ချိတ်ဆက်ပေးနိုင်ပါတယ်။ ဒါ့အပြင် Google Fast Pair Protocol ပါတဲ့အတွက် Device တွေနဲ့ ချိတ်ဆက်ရာမှာ လျှင်မြန်လွယ်ကူပြီး အလုပ်ရှုပ်သက်သာပါတယ်။ ကုမ္ပဏီက ဘက်ထရီ ပမာဏကို မပြောသေးပေမယ့် ၁ ခါအားအပြည့်သွင်းထားရင် ၃ နာရီ အသုံးခံတယ်လို့ ပြောပါတယ်။ Case ထဲက ဘက်ထရီနဲ့ဆိုရင် ၁၇ နာရီကြာ သီချင်းနားထောင်နိုင်ပါတယ်။

Ref : gizmochina

[Zawgyi]

တရုတ္မွာ Realme Buds Air ကို ဇန္န၀ါရီလ ၇ ရက္ေန႔မွာ ေၾကညာမည္

Realme က တရုတ္မွာ ကုမၸဏီရဲ႕ ပထမဆံုး Earbuds ကို ေၾကညာေတာ့မွာ ျဖစ္ပါတယ္။ Realme Buds Air လို႔ နာမည္ေပးထားၿပီး ဇန္န၀ါရီလ ၇ ရက္ေန႔မွာ မ်က္၀ါးထင္ထင္ျမင္ရေတာ့မယ္လို႔ ကုမၸဏီက ပိုစတာ ၁ ခုနဲ႔ အသိေပးလိုက္ပါတယ္။ Realme Buds Air ကို ဒီလ အေစာပိုင္းက အိႏၵိယမွာ ေၾကညာခဲ့ၿပီးပါၿပီ။ Realme Buds Air မွာ Bluetooth 5.0 နဲ႔ခ်ိတ္ဆက္ရင္ Latency အနည္းငယ္ပဲ လိုတဲ့ Customized R1 Chip ပါပါတယ္။ ဂိမ္းကစားတဲ့အခါမွာ အသံ ေနာက္က်တာကို ၅၁ ရာခုိင္ႏႈန္း ေလွ်ာ့ခ်ေပးပါတယ္။ Realme Buds Air ဟာ 120ms ပဲ ေနာက္က်ၿပီး Apple Airpods ရဲ႕ 205ms ထက္ နည္းပါတယ္။

Earphone ၁ ခုစီမွာ Microphone ၂ လံုးစီပါၿပီး ၁ လံုးက ပတ္၀န္းက်င္က ဆူညံသံေတြကို ဖယ္ရွားဖို႔နဲ႔ ေနာက္ ၁ လံုးက ဖုန္း ေျပာရင္ အသံၾကည္လင္ေစပါတယ္။ အရြယ္ႀကီး 12 mm စပီကာေတြ ထည့္သြင္းထားၿပီး စြမ္းရည္ျမင့္ Bass Effects ေတြ ထုတ္လုပ္ေပးတဲ့ Dynamic Bass Boost ထည့္ထားပါတယ္။ အဲဒီအတြက္ ရုပ္ရွင္ ၾကည့္ရင္၊ သီခ်င္းနားေထာင္ရင္ အရမ္းမိုက္ပါတယ္။ Earphone မွာ အကြာအေ၀း တိုင္းတာတဲ့ ဆန္ဆာ ပါၿပီး နားမွာ ၀တ္ဆင္ထားတာကို အာရံုခံႏုိင္ပါတယ္။ နားကေန ျဖဳတ္လိုက္တာနဲ႔ သီခ်င္းကို အလိုလို ရပ္ေပးႏုိင္တဲ့ လုပ္ေဆာင္ခ်က္က မိုက္ပါတယ္။

Play/Pause လုပ္ဖို႔၊ Voice Assistant ကို Activate လုပ္ဖို႔နဲ႔ ဖုန္း ေျဖဆိုဖို႔အတြက္ Touch Control ပါပါတယ္။ ၂ ခ်က္ႏွိပ္ရင္ Play/Pause လုပ္ေပးၿပီး ၃ ခ်က္ႏွိပ္ရင္ ေနာက္သီခ်င္းကို ေက်ာ္ေပးပါတယ္။ အၾကာႀကီး ဖိထားရင္ Google Assistant ကို ဆင့္ေခၚေပးပါတယ္။ အျဖဴ၊ လိေမၼာ္နဲ႔ အနက္ေရာင္ေတြ ထုတ္လုပ္ထားၿပီး ႀကိဳးမဲ့အားသြင္းစနစ္ ေထာက္ပံ့ပါတယ္။

Wireless Charging ပါတဲ့ ပလတ္စတစ္ Case ပါလာပါတယ္။ Case ကေန ထုတ္လိုက္တာနဲ႔ သင့္ဖုန္းနဲ႔ အလိုလို ခ်ိတ္ဆက္ေပးႏုိင္ပါတယ္။ ဒါ့အျပင္ Google Fast Pair Protocol ပါတဲ့အတြက္ Device ေတြနဲ႔ ခ်ိတ္ဆက္ရာမွာ လွ်င္ျမန္လြယ္ကူၿပီး အလုပ္ရႈပ္သက္သာပါတယ္။ ကုမၸဏီက ဘက္ထရီ ပမာဏကို မေျပာေသးေပမယ့္ ၁ ခါအားအျပည့္သြင္းထားရင္ ၃ နာရီ အသံုးခံတယ္လို႔ ေျပာပါတယ္။ Case ထဲက ဘက္ထရီနဲ႔ဆိုရင္ ၁၇ နာရီၾကာ သီခ်င္းနားေထာင္ႏိုင္ပါတယ္။

Ref : gizmochina