realme C11 ကို ဇွန်လ ၃၀ ရက်နေ့မှာ တရားဝင် ကြေညာတော့မယ်လို့ အတည်ပြုထားပြီး ပွဲကျင်းပဖို့ ရက်ပိုင်းပဲလိုတော့တဲ့အချိန်မှာ အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက်တချို့ ထွက်ပေါ်လာပါတယ်။ အင်ဒိုနီးရှားက Lazada စတိုးမှာ စာရင်းတင်ထားပြီး အဲဒီဖုန်းရဲ့ တရားဝင် ဝက်ဘ်စာမျက်နှာကိုလည်း လွှင့်တင်ထားပါတယ်။ တရားဝင် ဓါတ်ပုံတွေ ထွက်ပေါ်နေပြီး ဇူလိုင်လ ၁ ရက်နေ့မှာ Flash Sale ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။

realme C11 ဟာ MediaTek Helio G35 Chipset ပါတဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်ပြီး 2/3GB RAM နဲ့ 32GB Storage တွေ ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ ၆.၅ လက်မ IPS LCD HD+ မျက်နှာပြင် ထည့်သွင်းထားမှာ ဖြစ်ပြီး အရွယ်သေး Notch ပါလာမှာပါ။

အနောက်ဘက်မှာ ကင်မရာတွေကို လေးထောင့်ပုံစံ အကွက်ထဲ ထည့်ထားပြီး 13MP Main နဲ့ 2MP Depth ကင်မရာတွေ ပါလာမှာပါ။ Android  10 အခြေပြု realme UI ထည့်သွင်းထားမှာ ဖြစ်ပြီး 5,000mAh ဘက်ထရီ ပါလာမှာပါ။ Dual SIM Slot နဲ့ microSD Card Slot တွေ ထောက်ပံ့ထားမှာ ဖြစ်ပြီး အညိုနဲ့ အစိမ်းရောင် ထုတ်လုပ်ထားမှာပါ။ ဈေးနှုန်းကို မသိရသေးပါဘူး။

Ref : gsmarena