realme ရဲ့ Budget ဖုန်းအသစ်ဖြစ်တဲ့ realme C11 ဟာ အစောပိုင်းတုန်းက ဆက်တိုက်ကိုသတင်းတွေပေါက်ကြားခဲ့ပေမယ့် အခုအချိန်မှာတော့ မလေးရှားနိုင်ငံမှာ တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ realme C11 ဟာ တစ်ချိန်ထဲမိတ်ဆက်ခဲ့တဲ့ redmi 9C လိုမျိုး ဖုန်းတွေနဲ့ တိုက်ရိုက်ယှဥ်ပြိုင်ဖို့ရည်ရွယ်ထားပုံပါပဲ။

realme C11 စမတ်ဖုန်းဟာ Polycarbonate Body ကိုပဲ အသုံးပြုထားပြီးတော့ 6.5″ HD+ IPS LCD Display ကို အသုံးပြုထားပါတယ်။ Selfie Camera အတွက်ကတော့ Waterdrop Notch ကို အသုံးပြုထားပြီးတော့ Screen-to-Body Ratio အနေနဲ့ကတော့ ၈၈.၇ ရာခိုင်နှုန်းအထိရှိမယ်လို့ သိရပါတယ်။

Performance ပိုင်းမှာတော့ realme C11 စမတ်ဖုန်းဟာ MediaTek Helio G35 Chipset ကို အသုံးပြုထားပြီး RAM 2GB နဲ့ 32GB Storage ပါဝင်မှာဖြစ်ပါတယ်။ MicroSD Card ကနေလည်း Storage ကို ထပ်တိုးနိုင်မယ်လို့ သိရပါတယ်။ Software ပိုင်းအနေနဲ့ကတော့ Android 10 ကို အခြေခံထားတဲ့ realme UI ကို အသုံးပြုထားမှာဖြစ်ပါတယ်။

Camera ပိုင်းအနေနဲ့ကတော့ 13MP Primary Sensor နဲ့ 2MP Portrait Sensor ပါဝင်တဲ့ Dual Camera Setup ကို အသုံးပြုထားပြီး Front Selfie Camera အနေနဲ့ကတော့ 5MP Sensor ပါဝင်မှာဖြစ်ပါတယ်။ အရောင်တွေအနေနဲ့ကတော့ Mint Green နဲ့ Pepper Grey ဆိုပြီး မိတ်ဆက်ခဲ့ပြီး စျေးနှုန်းအနေနဲ့ကတော့ RM 429 ( မြန်မာငွေ ၁ သိန်း ၄ သောင်းဝန်းကျင်) ကျသင့်မယ်လို့ သိရပါတယ်။

Ref – Gizmo China