C15 ကို ပြီးခဲ့တဲ့ လက ကြေညာခဲ့ပြီးနောက်မှာ realme က ဒီထက်ဈေးပိုချိုတဲ့ C12 ကို အင်ဒိုနီးရှားမှာ ချပြလိုက်ပါပြီ။ C12 ရဲ့ Specs တွေတော်တော်များများဟာ C15 နဲ့ တူညီပြီး အဲဒီထဲမှာ ၆.၅ လက်မ IPS LCD HD+ မျက်နှာပြင် ၊ အရွယ်ကြီး 6,000mAh ဘက်ထရီနဲ့ Helio G35 Chipset တို့ ပါပါတယ်။

အဲဒီဖုန်း ၂ လုံးရဲ့ အဓိက ကွဲပြားချက်မှာ ကင်မရာတွေ ဖြစ်ပြီး C12 မှာ 13MP ကင်မရာနဲ့အတူ 2MP ကင်မရာ ၂ လုံး ထည့်သွင်းထားပါတယ်။ အရွယ်သေး Notch မှာ 5MP ကင်မရာ တပ်ဆင်ထားပြီး C15 မှာ 8MP ထည့်ထားတာပါ။ C12 မှာ 3GB RAM နဲ့ 32GB Storage ပါတဲ့အပြင် microSD Card စိုက်နိုင်ပါတယ်။

C12 ရဲ့ အကောင်းဆုံး အစိတ်အပိုင်းက 6,000mAh ဘက်ထရီ ဖြစ်ပြီး 10W Charging ပဲ ထောက်ပံ့ထားတာက သိပ်မမိုက်ပါဘူး။ ဒါပေမယ့် တခြား ဖုန်းတွေကို အားသွင်းပေးနိုင်တဲ့ Reverse Charging ပါပါတယ်။ Android 10 အခြေပြု realme UI မောင်းနှင်ထားပါတယ်။

Marine Blue နဲ့ Coral Red အရောင်တွေ ထုတ်လုပ်ထားပြီး ဒီလ ၁၆ ရက်နေ့ ရောင်းမှာပါ။ 3/32GB ကို ၁၂၈ ဒေါ်လာလောက် သတ်မှတ်ထားပြီး မြန်မာငွေ ၁ သိန်း ၇ သောင်းလောက် ကျသင့်မှာပါ။ C12 နဲ့ C15 ကို ၁၈ ရက်နေ့ အိန္ဒိယမှာ ကြေညာနိုင်ပါတယ်။

Ref : gsmarena