realme က C11 ကို ဇွန်လနဲ့ C15 ကို ဇူလိုင်လမှာ ကြေညာခဲ့ပြီး အခုတော့ ကုမ္ပဏီက C Series ဖုန်း အသစ် ၁ လုံးကို မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ realme C12 လို့ နာမည်ပေးထားပြီး ကုမ္ပဏီက အခုတော့ ဒီလ ၁၈ ရက်နေ့မှာ ကြေညာမယ်လို့ မီဒီယာတွေကို သတင်းပေးလိုက်ပါတယ်။ အွန်လိုင်း မိတ်ဆက်ပွဲကို ကုမ္ပဏီရဲ့ YouTube Channel , Facebook နဲ့ Twitter အကောင့်တွေကနေ တိုက်ရိုက် ထုတ်လွှင့်မှာ ဖြစ်ပါတယ်။

C12 မှာ အရွယ်ကြီး 6,000mAh ဘက်ထရီ ပါမယ်လို့ realme က အတည်ပြုပေးလိုက်ပေမယ့် တခြား Specs တွေကို မပြောသေးပါဘူး။ ဒါပေမယ့် C12 ကို Geekbench မှာ မကြာခင်က တွေ့လာရပြီ ဖြစ်ပြီး Helio P35 SoC နဲ့ 3GB RAM ထည့်သွင်းထားမယ်လို့ ဖော်ပြထားပါတယ်။

C12 အပြင် realme က အိန္ဒိယမှာ C15 ကိုပါ ဒီလ ၁၈ ရက်နေ့မှာ ကြေညာမှာ ဖြစ်ပြီး C15 မှာ Helio G35 SoC နဲ့ ၆.၅ လက်မ HD+ မျက်နှာပြင်တွေ ထည့်သွင်းထားပါတယ်။ 18W Charging နဲ့ microUSB Port ပါတဲ့ အရွယ်ကြီး 6,000mAh ဘက်ထရီ ထည့်သွင်းထားပါတယ်။

C15 ရဲ့ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ ပါလာပြီး စုစုပေါင်း ကင်မရာ ၅ လုံး ထည့်ထားပါတယ်။ အရှေ့ဘက်မှာ 8MP နဲ့ အနောက်ဘက်မှာ 13MP Main , 8MP Ultrawide, 2MP Monochrome , 2MP Depth ကင်မရာတွေ ပါပါတယ်။

Ref : gsmarena