ပြီးခဲ့တဲ့ လအနည်းငယ်က realme ဟာ C15 ကို နိုင်ငံများစွာမှာ ကြေညာခဲ့ပါတယ်။ မကြာခင်ကပဲ realme C15 Qualcomm Edition ကို ချပြတော့မယ်လို့ သတင်းထွက်လာခဲ့ပြီး အခုတော့ လာမယ့် ၂ ရက်၊ ၃ ရက်အတွင်း ကြေညာမယ်လို့ သတင်းပေါက်ကြားလာပါတယ်။ ဒါပေမယ့် realme C15s နာမည်နဲ့ ကြေညာမယ်လို့ သိရပါတယ်။

Realme C15 featured

realme C15s ရဲ့ Specs တွေကို မသိရသေးသလို Snapdragon Chipset ထည့်ထားမလားဆိုတာလည်း သတင်းမထွက်လာသေးပါဘူး။ ပြီးခဲ့တဲ့ ၁ ပတ်ကတော့ 4GB RAM/64GB Storage နဲ့ 3GB RAM/32GB Storage ထည့်သွင်းထားမယ်လို့ သတင်းထွက်လာပါတယ်။ Power Blue နဲ့ Power Silver ၂ ရောင် ထုတ်လုပ်ထားနိုင်ပါတယ်။

Realme C15 to launch with a 6,000mAh battery and 18W charging - KLGadgetGuy

အာဏာပိုင် အဖွဲ့အစည်းများစွာမှာ RMX2195 အနေနဲ့ မှတ်ပုံတင်ထားတဲ့ ဖုန်းဟာ realme C15s ဖြစ်နိုင်ပါတယ်။ China Quality Certification (CQC) မှာ 6,000mAh ဘက်ထရီနဲ့ 18W Fast Charging ပါမယ်လို့ ဖော်ပြထားတဲ့အတွက် realme C15 နဲ့ တူညီမှာပါ။ အဲဒီဖုန်းဟာ WiFi Alliance, Singapore’s IMDA , Indonesia’ TKDN နဲ့ Malaysia’s SIRIM တို့မှာ လက်မှတ် ရထားပြီးပါပြီ။

C Series ရဲ့ ပထမဆုံး ဖုန်း ဖြစ်တဲ့ realme C1 မှာ Snapdragon 450 ပါလာပြီး အဲဒီနောက်ပိုင်းထွက်တဲ့ C Series ဖုန်း အားလုံးမှာ MediaTek Chipset ထည့်သွင်းထားပါတယ်။ စက်တင်ဘာလက ကြေညာခဲ့တဲ့ realme C17 ဖုန်း ၁ လုံးထဲပဲ Snapdragon ပြန်သုံးထားပါတယ်။ တိတိကျကျပြောရရင် Snapdragon 460 ပါ။ realme C15s မှာ Snapdragon 662 or 665 SoC ပါလာနိုင်ပါတယ်။

Ref : gizmochina