Unicode

နှစ်သစ်တစ်ခု စတင်တာနဲ့ စမတ်ဖုန်းထုတ်လုပ်သူ Realme ဟာ သူတို့ရဲ့ ပထမဆုံး 5G စမတ်ဖုန်း ဖြစ်တဲ့ Realme X50 ဖုန်းသစ်ကို တရုတ်ပြည်တွင်းမှာ စတင်မိတ်ဆက်တော့မှာပါ။ ဒါပေမယ့် Snapdragon 765G နဲ့ Realme X50 ဟာ ၂၀၂၀ နှစ်စမှာ သူတို့မိတ်ဆက်လာတဲ့ တစ်ခုတည်းသော ထုတ်ကုန်သစ်တော့ ဟုတ်ပုံမရပါဘူး။

ယနေ့မှာ စင်ကာပူနိုင်ငံရဲ့ IMDA အဖွဲ့မှ Realme ဟန်းဆက်အသစ် နှစ်လုံးကို အတည်ပြုချက် ချပေးလိုက်ပြီး ၎င်းတို့ရဲ့ အမည်တွေက Realme C3 နဲ့ Realme 5i ဖြစ်တယ်လို့ သိရပါတယ်။ တွစ်တာကနေ ပေါက်ကြားလာတဲ့ ဒီသတင်းထဲမှာ ဖုန်းနှစ်လုံးရဲ့ မော်ဒယ်နံပါတ်တွေနဲ့ Screenshot ပုံတွေ ပါဝင်ခဲ့ပြီး Realme C3 ဖုန်းဟာ မော်ဒယ်နံပါတ် RMX1941 နဲ့ ထွက်ရှိလာမှာဖြစ်ကာ Realme 5i ကတော့ မော်ဒယ်နံပါတ် RMX2030 လို့ သတ်မှတ်ထားပါတယ်။

Realme C3 ဟာ နာမည်အရတော့ အခုနှစ်မေလမှာ မိတ်ဆက်ခဲ့တဲ့ Realme C2 ရဲ့ မျိုးဆက်သစ်ဖြစ်မယ့်ပုံပါပဲ။ လောလောဆယ်တော့ Specs တွေကို မသိရသေးပေမယ့် Realme C2 လက်ရှိပါဝင်တာကိုပဲ အနည်းငယ် ပြောင်းလဲလာမယ်လို့ ထင်ရပါတယ်။

Realme 5i ကတော့ Realme 5 မိသားစုဝင်စမတ်ဖုန်းတစ်လုံးဖြစ်လာမယ်လို့ ယူဆရပြီး Realme 5s ဖုန်းဟာ မူရင်း Realme 5 ကို Upgrade မြှင့်ထားတဲ့ဗားရှင်းဖြစ်တာကြောင့် 5i ကတော့ ဈေးပိုချိုတဲ့ ဗားရှင်းလို့ ထင်မြင်ရပါတယ်။

ဒီဖုန်းနှစ်လုံးစလုံးဟာ Android Pie ကိုအခြေခံထားတဲ့ ColorOS 6 ကိုပဲ ထွက်ထွက်ချင်း အသုံးပြုရမှာပါ။ ColorOS 7 ကို သူတို့ရဲ့ Flagship တွေမှာ မြင်ရပြီးရင်တော့ Update ရရှိနိုင်မှာဖြစ်ပါတယ်။

Ref – Gizmo China

Zawgyi

ႏွစ္သစ္တစ္ခု စတင္တာနဲ႔ စမတ္ဖုန္းထုတ္လုပ္သူ Realme ဟာ သူတုိ႔ရဲ႕ ပထမဆုံး 5G စမတ္ဖုန္း ျဖစ္တဲ့ Realme X50 ဖုန္းသစ္ကို တရုတ္ျပည္တြင္းမွာ စတင္မိတ္ဆက္ေတာ့မွာပါ။ ဒါေပမယ့္ Snapdragon 765G နဲ႔ Realme X50 ဟာ ၂၀၂၀ ႏွစ္စမွာ သူတုိ႔မိတ္ဆက္လာတဲ့ တစ္ခုတည္းေသာ ထုတ္ကုန္သစ္ေတာ့ ဟုတ္ပုံမရပါဘူး။

ယေန႔မွာ စင္ကာပူႏုိင္ငံရဲ႕ IMDA အဖြဲ႕မွ Realme ဟန္းဆက္အသစ္ ႏွစ္လုံးကို အတည္ျပဳခ်က္ ခ်ေပးလိုက္ၿပီး ၄င္းတုိ႔ရဲ႕ အမည္ေတြက Realme C3 နဲ႔ Realme 5i ျဖစ္တယ္လုိ႔ သိရပါတယ္။ တြစ္တာကေန ေပါက္ၾကားလာတဲ့ ဒီသတင္းထဲမွာ ဖုန္းႏွစ္လုံးရဲ႕ ေမာ္ဒယ္နံပါတ္ေတြနဲ႔ Screenshot ပုံေတြ ပါဝင္ခဲ့ၿပီး Realme C3 ဖုန္းဟာ ေမာ္ဒယ္နံပါတ္ RMX1941 နဲ႔ ထြက္ရွိလာမွာျဖစ္ကာ Realme 5i ကေတာ့ ေမာ္ဒယ္နံပါတ္ RMX2030 လို႔ သတ္မွတ္ထားပါတယ္။

Realme C3 ဟာ နာမည္အရေတာ့ အခုႏွစ္ေမလမွာ မိတ္ဆက္ခဲ့တဲ့ Realme C2 ရဲ႕ မ်ဳိးဆက္သစ္ျဖစ္မယ့္ပုံပါပဲ။ ေလာေလာဆယ္ေတာ့ Specs ေတြကို မသိရေသးေပမယ့္ Realme C2 လက္ရွိပါဝင္တာကိုပဲ အနည္းငယ္ ေျပာင္းလဲလာမယ္လို႔ ထင္ရပါတယ္။

Realme 5i ကေတာ့ Realme 5 မိသားစုဝင္စမတ္ဖုန္းတစ္လုံးျဖစ္လာမယ္လို႔ ယူဆရၿပီး Realme 5s ဖုန္းဟာ မူရင္း Realme 5 ကို Upgrade ျမွင့္ထားတဲ့ဗားရွင္းျဖစ္တာေၾကာင့္ 5i ကေတာ့ ေစ်းပိုခ်ဳိတဲ့ ဗားရွင္းလို႔ ထင္ျမင္ရပါတယ္။

ဒီဖုန္းႏွစ္လုံးစလုံးဟာ Android Pie ကိုအေျခခံထားတဲ့ ColorOS 6 ကိုပဲ ထြက္ထြက္ခ်င္း အသုံးျပဳရမွာပါ။ ColorOS 7 ကုိ သူတုိ႔ရဲ႕ Flagship ေတြမွာ ျမင္ရၿပီးရင္ေတာ့ Update ရရွိႏုိင္မွာျဖစ္ပါတယ္။

Ref – Gizmo China