Realme ကနေ Budget ဖုန်းအသစ်ဖြစ်တဲ့ Realme C3 စမတ်ဖုန်းကို မိတ်ဆက်လိုက်ပါပြီ။ ဒီ Realme C3 ကို India မှာ မိတ်ဆက်ခဲ့တာဖြစ်ပြီး INR 6,999 (မြန်မာငွေ ၁ သိန်း ၄ သောင်းဝန်းကျင်) ကနေ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။

ယခင် Realme C Series Budget ဖုန်းတွေလိုပဲ ယခု Realme C3 ဟာလည်း ပေးရတဲ့စျေးနဲ့ တော်တော်လေးကို တန်တဲ့ စမတ်ဖုန်းတစ်လုံးလို့ ပြောလို့ရပါတယ်။ Display အနေနဲ့ 6.5″ HD+ Display ကိုမှ 5MP Selfie Camera ကို Waterdrop Notch Design ပြုလုပ်ပေးထားတာဖြစ်ပါတယ်။

Processor ပိုင်းအနေနဲ့ကတော့ Budget Gaming Processor အသစ်ဖြစ်တဲ့ MediaTek ရဲ့ Helio G70 Processor ကို အသုံးပြုထားပြီး ယခင် Realme C2 မှာပါဝင်ခဲ့တဲ့ Helio P22 Processor နဲ့ယှဥ်ရင် စွမ်းဆောင်ရည်က သိသိသာသာကိုတိုးတက်လာမှာပါ။ RAM အနေနဲ့ 3GB နဲ့ 4GB ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်သလို RAM ပေါ်မှုတည်ပြီး Storage ကလည်း 32GB သို့မဟုတ် 64GB ပါဝင်မှာဖြစ်ပါတယ်။ Dual SIM Slot အပြင် MicroSD Card လည်း သီးသန့်ပါဝင်တယ်လို့ သိရပါတယ်။

Camera ပိုင်းအနေနဲ့ကတော့ 12MP f1.8 PDAF Primary Sensor အပြင် 2MP f2.4 Depth Sensor ပါဝင်တဲ့ Dual Camera Setup ကိုအသုံးပြုပေးထားတာဖြစ်ပါတယ်။

Realme C3 စမတ်ဖုန်းဟာ ကုမ္ပဏီရဲ့ ကိုယ်ပိုင် Realme UI ကို အသုံးပြုလာမှာဖြစ်သလို Android 10 ကို အခြေခံထားတဲ့အတွက် ယခင် Realme ဖုန်းတွေမှာပါဝင်တဲ့ ColorOS နဲ့ယှဥ်ရင် ပြောင်းလဲမှုအများအပြားရှိလာမှာပါ။ အဆိုပါ Feature တွေထဲမှာ 3.5mm Audio Port နဲ့ Bluetooth Audio ၂ ခုစလုံးမှာ တပြိုင်ထဲသီချင်းနားထောင်နိုင်တဲ့ Dual Mode Audio လိုမျိုး Feature တွေပါဝင်မှာဖြစ်ပါတယ်။

Realme C3 စမတ်ဖုန်းမှာ ကြီးမားတဲ့ 5000mAh Battery ပါဝင်မှာဖြစ်သလို MicroUSB Port ကနေတဆင့် Reverse Charging ကိုပါ Support ပြုလုပ်ဦးမှာဖြစ်ပါတယ်။

စျေးနှုန်းတွေအနေနဲ့ကတော့ RAM 3GB + 32GB Storage Version ကို INR 6,999 (မြန်မာငွေ ၁ သိန်း ၄ သောင်းဝန်းကျင်) ကျသင့်မှာဖြစ်ပြီး RAM 4GB + 64GB Version ကိုတော့ INR 7,999 (မြန်မာငွေ ၁ သိန်း ၆ သောင်းဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။ အရောင်တွေအနေနဲ့ကတော့ Blazing Red နဲ့ Frozen Blue ဆိုပြီး ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။

Ref – GSM Arena