လာမယ့် ၆ ရက်နေ့မှာ Realme C3 ကို အိန္ဒိယမှာ တရားဝင် ကြေညာတော့မှာ ဖြစ်ပြီး ကုမ္ပဏီက အဲဒီ ဖုန်းရဲ့ Specifications အများစုကို မျှဝေထားပြီးပါပြီ။ အခုတော့ ကုမ္ပဏီက C3 ဟာ နောက်ဆုံးထုတ် Android 10 အခြေပြု Realme UI ပါမယ့် ပထမဆုံး စမတ်ဖုန်းဖြစ်မယ်လို့ အတည်ပြုလိုက်ပါတယ်။

Realme C3 ဟာ စွမ်းရည်နိမ့် တန်ဖိုးနည်း စမတ်ဖုန်း ဖြစ်ပြီး မကြာခင်က အသစ်စက်စက် ကြေညာထားတဲ့ Helio G70 SoC မောင်းနှင်ထားပါတယ်။ 3/32GB နဲ့ 4/64GB မော်ဒယ် ၂ မျိုးထုတ်လုပ်ထားပြီး ၆.၅ လက်မ Waterdrop Notch မျက်နှာပြင် ထည့်သွင်းထားပါတယ်။ မျက်နှာပြင် အချိုးက ၈၉.၈ ရာခိုင်နှုန်းရှိတဲ့အတွက် တန်ဖိုးနည်းပေမယ့် ဘောင်ပျောက် ဒီဇိုင်းက မိုက်ပါတယ်။

အနောက်ဘက်မှာ ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ ကင်မရာ ၁ လုံး ထည့်သွင်းထားပြီး 12MP ကင်မရာ ၁ လုံး ပါပါတယ်။ တခြား ကင်မရာတွေရဲ့ သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။ အရွယ်ကြီး 5,000mAh ဘက်ထရီ ပါတဲ့အတွက် ဘက်ထရီ သက်တမ်းက လန်းပါတယ်။ ဒါပေမယ့် ဒိတ်အောက်နေတဲ့ microUSB Port ပဲ ပါတာက သိပ်မမိုက်ပါဘူး။ Realme က အပြာရောင် ထုတ်လုပ်ပေးမယ်လို့ အတည်ပြုထားပြီး တခြား အရောင်တွေလည်း ထုတ်လုပ်ရောင်းချနိုင်ပါတယ်။ ကုမ္ပဏီက ဈေးနှုန်းကို မပြောသေးပေမယ့် ဈေးချိုမှာ သေချာပါတယ်။

Ref : gsmarena