Unicode

Realme ကနေ မိတ်ဆက်ခဲ့တဲ့ C Series စမတ်ဖုန်းတွေဟာ Budget နဲ့ Low End စမတ်ဖုန်းစျေးကွက်မှာ အောင်မြင်မှုရရှိခဲ့တဲ့ စမတ်ဖုန်းတွေလို့ ပြောနိုင်ပါတယ်။ Realme ကနေ လာမယ့် ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ India စျေးကွက်အတွက် Realme C3 စမတ်ဖုန်းအသစ်ကို မိတ်ဆက်လာတော့မှာပါ။

အဆိုပါ Realme C3 စမတ်ဖုန်းဟာ လက်ရှိအချိန်မှာတော့ 5000mAh Battery ၊ 6.5″ Display နဲ့ 12MP Dual Camera Setup တွေပါဝင်မယ်လို့ Teaser ပုံတွေထုတ်ပြထားပြီးဖြစ်သလို အခုလည်း အရေးကြီးတဲ့ Processor ပိုင်းကိုပါ အတည်ပြုခဲ့ပါတယ်။

ဒါကတော့ Realme C3 မှာ MediaTek ကနေ မကြာသေးခင်ကမှ မိတ်ဆက်ထားခဲ့တဲ့ Helio G70 Processor ကို အသုံးပြုလာမှာပါ။ အဲ့ဒါကြောင့် Realme C3 ဟာ Battery ပိုင်းတင် အဆင့်မြှင့်တင်ထားတာမဟုတ်ဘဲ Budget Gaming Phone တစ်လုံးလို့တောင် သတ်မှတ်နိုင်မှာပါ။ RAM နဲ့ Storage ပိုင်းမှာလည်း RAM 3GB + 32GB အပြင် RAM 4GB + 64GB Version ကိုပါ ထုတ်လုပ်လာမယ်လို့ သိရပါတယ်။

Realme C3 စမတ်ဖုန်းဟာ Xiaomi ရဲ့ Budget ဖုန်းဖြစ်တဲ့ Redmi 8 လိုမျိုး စမတ်ဖုန်းတွေနဲ့ အဓိကယှဥ်ပြိုင်မှာဖြစ်တဲ့အတွက် စျေးနှုန်းအနေနဲ့လည်း တော်တော်လေးကို သက်သာလာဖို့ရှိနေပါတယ်။

Ref – XDA Developer

Zawgyi

Realme ကေန မိတ္ဆက္ခဲ့တဲ့ C Series စမတ္ဖုန္းေတြဟာ Budget နဲ႔ Low End စမတ္ဖုန္းေစ်းကြက္မွာ ေအာင္ျမင္မႈရရွိခဲ့တဲ့ စမတ္ဖုန္းေတြလို႔ ေျပာႏိုင္ပါတယ္။ Realme ကေန လာမယ့္ ေဖေဖာ္ဝါရီလ ၆ ရက္ေန႔မွာ India ေစ်းကြက္အတြက္ Realme C3 စမတ္ဖုန္းအသစ္ကို မိတ္ဆက္လာေတာ့မွာပါ။

အဆိုပါ Realme C3 စမတ္ဖုန္းဟာ လက္ရွိအခ်ိန္မွာေတာ့ 5000mAh Battery ၊ 6.5″ Display နဲ႔ 12MP Dual Camera Setup ေတြပါဝင္မယ္လို႔ Teaser ပုံေတြထုတ္ျပထားၿပီးျဖစ္သလို အခုလည္း အေရးႀကီးတဲ့ Processor ပိုင္းကိုပါ အတည္ျပဳခဲ့ပါတယ္။

ဒါကေတာ့ Realme C3 မွာ MediaTek ကေန မၾကာေသးခင္ကမွ မိတ္ဆက္ထားခဲ့တဲ့ Helio G70 Processor ကို အသုံးျပဳလာမွာပါ။ အဲ့ဒါေၾကာင့္ Realme C3 ဟာ Battery ပိုင္းတင္ အဆင့္ျမႇင့္တင္ထားတာမဟုတ္ဘဲ Budget Gaming Phone တစ္လုံးလို႔ေတာင္ သတ္မွတ္ႏိုင္မွာပါ။ RAM နဲ႔ Storage ပိုင္းမွာလည္း RAM 3GB + 32GB အျပင္ RAM 4GB + 64GB Version ကိုပါ ထုတ္လုပ္လာမယ္လို႔ သိရပါတယ္။

Realme C3 စမတ္ဖုန္းဟာ Xiaomi ရဲ႕ Budget ဖုန္းျဖစ္တဲ့ Redmi 8 လိုမ်ိဳး စမတ္ဖုန္းေတြနဲ႔ အဓိကယွဥ္ၿပိဳင္မွာျဖစ္တဲ့အတြက္ ေစ်းႏႈန္းအေနနဲ႔လည္း ေတာ္ေတာ္ေလးကို သက္သာလာဖို႔ရွိေနပါတယ္။

Ref – XDA Developer