33W အစွမ်းအံ့မခန်း၊ ၁၅မိနစ်အားသွင်း ၄ နာရီ Social သုံး” လို့ ကြွေးကျော်ပြီး ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့က စတင်ရောင်းချလိုက်တဲ့ realme C53 စမတ်ဖုန်းဟာ ဈေးကွက်ရဲ့ကောင်းမွန်တဲ့ တုံ့ပြန်မှုတွေကို ရရှိခဲ့တာ တွေ့မြင်ရပါတယ်။

RAM 6GB နှင့် ROM 128GB ထောက်ပံ့ထားတဲ့ realme C53 ကို စျေးနှုန်း ၄၆၉,၉၀၀ ကျပ် နဲ့ ရောင်းချနေတာဖြစ်ပြီး အရောင်အားဖြင့် Champion Gold နှင့် Mighty Black ၂ရောင်ကိုရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

realme C53 ဟာ မူလပါဝင်တဲ့ RAM 6GB ကိုလည်း (Dynamic RAM Expension) နည်းပညာထည့်သွင်း ပေးထားတာကြောင့် RAM 12GB အထိအမြင့်ဆုံးတိုးမြှင့် အသုံးပြုနိုင်ဦးမှာ ဖြစ်ပါတယ်။

relame C53 အတွက် First Sale Event ကို Myanmar Plaza အရောင်းစင်တာမှာ ဇွန်လ (၂၄) ရက်က ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး အနုပညာရှင် Bobby Soxer ကလည်း ပါဝင်တက်ရောက်ခဲ့သလို သူမရဲ့ Fan တွေနဲ့အတူ တွေ့ဆုံစကားပြောခြင်း၊ ဓာတ်ပုံအတူတကွရိုက်ခြင်း၊ ဂိမ်းများအတူတူကစားခြင်း၊ သူမကိုယ်တိုင်လက်မှတ်ထိုးထားတဲ့အမှတ်တရ T-shirt တွေကို ပြန်လည်ပေးအပ်ခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။

realme C53 မှာ အားသွင်းမြန်ဆန်တဲ့ 33W SUPERVOOC အားသွင်းစနစ်နဲ့အတူ 5000 mAh ဘက်ထရီကိုထည့်သွင်းပေးထားတာကြောင့် နာရီဝက်အားသွင်းရုံနဲ့ အား၅၀ရာခိုင်နှုန်းအထိ ရရှိစေမှာ ဖြစ်ပါတယ်။

၇.၄၉ မီလီမီတာအထူသာရှိတဲ့ Champion Design နဲ့ ဖန်တီးထုတ်လုပ် ထားတဲ့ C53 ဟာ လက်ရှိ realme ထုတ်ကုန်တွေထဲမှာ အပါးဆုံးစမတ်ဖုန်းစံချိန်ကိုပါ ပိုင်ဆိုင်ရယူထားတာ ဖြစ်ပါတယ်။

50MP ပင်မကင်မရာမှာ အဆင့်မြင့် feature တွေကိုပါထည့်သွင်းပေးထားတာကြောင့် ယခင်ထက်ပိုမိုကောင်းမွန်တဲ့ဓာတ်ပုံတွေကို ရိုက်ယူနိုင်စေနိုင်မှာ ဖြစ်ပါတယ်။ အရှေ့ဘက်မှာတော့ 8MP Selfie ကင်မရာကိုတပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။

6.74-inch HD LCD မျက်နှာပြင်မှာ ထိတွေ့တုံ့ပြန်မှုပိုကောင်းစေဖို့ 90Hz Refresh Rate ကိုလည်း ထောက်ပံ့ပေးထားပါတယ်။ Unisoc T612 Chipset နဲ့ Octa-core စွမ်းဆောင်ရည်ကိုရရှိစေမှာဖြစ်ပြီး လူငယ်တွေကြား နှစ်သက်စွဲလမ်းစွာကစားကြတဲ့ MLBB ဂိမ်းကိုလည်း Default Setting မှာ ကောင်းမွန်စွာဆော့ကစားနိုင်မှာဖြစ်ပါတယ်။

realme C53 ကို ဖုန်းသုံးစွဲမှုပိုမိုသွက်လက်စေဖို့အတွက် Android 13 အခြေခံထားတဲ့ realme UI T Edition နှင့်တွဲဖက်ပေးထားတာကြောင့် ယခင်ကထက် ပိုမိုချောမွေ့ကောင်းမွန်တဲ့ သုံးစွဲရခြင်းအတွေ့အကြုံကိုလည်း ရရှိစေတာ ဖြစ်ပါတယ်။

Source: realme