realme က C53 အမည်ရ C Series စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာဖို့ ပြင်ဆင်နေပါတယ်။ အဲဒီဖုန်းရဲ့ မော်ဒယ်နံပါတ်က RMX3760 ဖြစ်ပြီး အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းမှာ မှတ်ပုံတင်ထားပါတယ်။ အဲဒီအတွက် ကြေညာဖို့နီးနေပြီ ဖြစ်ပါတယ်။

Realme C35 with 50MP camera, 5000mAh battery launching on February 10th | 91mobiles.com

အခုတော့ realme C53 ရဲ့ ဓါတ်ပုံနဲ့ Specs တွေ ပေါက်ကြားလာပြီး 6.74” IPS LCD HD+ မျက်နှာပြင် ပါလာမှာ ဖြစ်ပါတယ်။ 90Hz Refresh Rate ထောက်ပံ့ထားမှာ ဖြစ်ပြီး Unisoc T612 Chipset မောင်းနှင်ထားမှာပါ။ 6GB LPDDR4x RAM , 6GB Virtual RAM , 5000mAh Battery နဲ့ 33W Fast Charging ထည့်သွင်းထားမှာပါ။

Realme C53 Design Renders, Colour Options, and Key Specifications Tipped Online, Might Launch in India Soon - MySmartPrice

C53 မှာ 128GB UFS 2.2 Storage ပါလာမှာ ဖြစ်ပြီး microSD Card စိုက်နိုင်ပါတယ်။ ဆဲလ်ဖီး အတွက် 8MP ကင်မရာ ပါလာမှာ ဖြစ်ပြီး အနောက်ဘက်မှာ 50MP Main , 0.3 Secondary ကင်မရာတွေ တပ်ဆင်ထားမှာပါ။

Dual 4G VoLTE သုံးနိုင်မှာ ဖြစ်ပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ ပါလာမှာပါ။ USB Type-C Port နဲ့ နားကြပ်ပေါက် ထည့်သွင်းထားမှာ ဖြစ်ပြီး အထူက ၇.၅၉ မီလီမီတာ ရှိမှာပါ။ ဈေးနှုန်းကိုတော့ လက်ရှိမှာ မသိရသေးပါဘူး။

Ref : gizmochina