realme ကတော့ လုပ်ချလိုက်ပြန်ပြီဗျို့။ realme C53 ကို မိတ်ဆက်လိုက်ပြန်ပြီဗျာ။ realme C53 က ဘာတွေထူးလဲလို့ ကြည့်လိုက်တော့ ၄ သိန်းဝန်းကျင်မှာ 33W သုံးပေးထားတာကို အရင်တွေ့လိုက်ရတယ် ညိုကီတို့ရေ။

တကယ်တော့ realme C53 က ပြီးခဲ့တဲ့နှစ်တုန်းကထွက်ခဲ့တဲ့ C33 နေရာမှာ အစားဝင်မဲ့ မျိုးဆက်ပါ။ ပြောရရင်တော့ C55 လောက်လည်း မရောက်ဘူးပေါ့။ ဒါပေမဲ့ C55 တို့ realme 10 တို့မှာလိုပဲ 33W သုံးပေးထားတယ်။ ဒါလေးတော့ Sweet ဖြစ်လာတယ်ဗျာ။ realme fan တွေ ပျော်လိုက်တော့။

33W ဆိုတော့ ညိုကီတို့သိတဲ့အတိုင်းပဲလေ။ ၁၅ မိနစ်လောက်အားသွင်းပြီး ၄ နာရီလောက် Social media ထိုင်သုံးနေလို့ရတယ်။ နာရီဝက်လောက်အားသွင်းလိုက်ရင် သူ့ရဲ့ 5,000mAh က ၅၀% လောက် အားပြည့်ပြီ။ ညနေခင်း အလုပ်ကအပြန်၊ ကျောင်းကအပြန် ခနတဖြုတ် အားကောက်သွင်းထား၊ ပြီးရင် တစ်ညနေလုံး အမုန်းသုံး။ ညကျမှ အားပြန်သွင်းပြီး လူလည်းအိပ်၊ ဖုန်းလည်းအိပ် လုပ်လို့ရတယ်။

နောက်တစ်ခုက realme C53 မှာ Storage က 128GB ပါမယ်။ RAM က 6GB ကိုမှ RAM Expansion 6GB ထပ်တိုးလို့ရတော့ စုစုပေါင်း 12GB of RAM ဖြစ်သွားမှာပေါ့။ မပြီးသေးဘူး။ ကျန်သေးတယ်။ Storage ကိုလည်း 2TB အထိ External Memory နဲ့ ချဲ့လို့ရသေးတယ်။

realme C53 က ဒီဇိုင်းပိုင်းလည်း မခေဘူးနော်။ ရွှေရောင်အလင်းလိုင်း၊ ရွှေရောင်အလင်းစက်တွေနဲ့။ ကျောဘက် ကင်မရာဒီဇိုင်းကိုလည်း မကြည့်လိုက်နဲ့။ ဘာလိုလိုညာလိုလိုပေါ့။ ရှေ့ကင်မရာဒီဇိုင်းကတော့ ရိုးရာမပျက်စေရအောင် Mini Capsule ပဲဖန်တီးထားတယ်။

တကယ်ပြောချင်တာက 5,000mAh ဘက်ထရီနဲ့ realme C53 က 7.49mm အထူပဲ ရှိတယ်ဆိုတာပဲ။ ဒါတော့ ရှေ့ကနောင်တော်တွေကို မခန့်တာပဲ။ သူက realme က ထုတ်သမျှ ဖုန်းတွေထဲမှာ အပါးဆုံး ဖြစ်သွားပြီလေ။ ဘာတဲ့၊ ၄ သိန်းဝန်းကျင် realme C53 က ဒီ Brand product တွေထဲမှာ အပါးဆုံးတဲ့လား။

မျက်နှာပြင်က 6.74-inch, 90Hz Refresh Rate လည်း ထောက်ပံ့ပေးထားတယ်။ Processor ကတော့ Octa-Core processor ပဲ။ Chipset နာမည်ကို သိတဲ့သူလည်း သိပြီးသားဖြစ်မှာပါ။ MLBB ညိုကီတို့ သိပ်စိတ်ပူစရာမလိုပါဘူး။

အသေးစိတ်အချက်အလက်တွေနဲ့ First Impression ကိုတော့ ထုံးစံအတိုင်း ရက်အနည်းငယ်အတွင်း တင်ဆက်ပေးမှာမို့ Stay Tuned ပါနော်။

Source: Realme