realme ဟာ မြန်မာပြည်မိုဘိုင်းဈေးကွက်အတွက် နောက်ထပ် ချန်ပီယံထုတ်ကုန်သစ်တစ်အခုအဖြစ် realme C53 ကို တရားဝင် မိတ်ဆက်ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ realme C53 ကို လာမဲ့ ဇွန်လ ၂၄ ရက်ကနေစတင်ပြီး မြန်မာတစ်နိုင်ငံလုံးမှာ ဈေးနှုန်း ၄၆၉,၉၀၀ ကျပ် နဲ့ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

အသစ်ထွက်ရှိလာတဲ့ realme C53 မှာ RAM 6GB နဲ့ ROM 128GB တစ်မျိုးတည်းသာ ရှိမှာဖြစ်ပေမဲ့ အရောင်ကတော့ Champion Gold နဲ့ Mighty Black ဆိုပြီး နှစ်မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ realme C53 ဟာ အားသွင်းနှုန်းကို အထူးတလည် မြှင့်တင်ပေးထားပြီး 33W ကို Standard အဖြစ် ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။

ဒီဇိုင်းပိုင်းကတော့ ရွှေရောင်လိုင်းစင်းလေးတွေကို ရွှေမှုန်လေးတွေ ပေါင်းစပ်ပြီး ဆွဲဆောင်မှုရှိစေတဲ့ ပရီမီယံဒီဇိုင်းမျိုးဖြစ်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ realme ဟာ C Series ထုတ်ကုန်တွေကို အဆင့်မြှင့်တင်လာတာနဲ့အညီ realme C53 ကလည်း Entry-level ဖုန်းတွေမှာပါဝင်တဲ့ စံနှုန်းတွေကို တိုးမြင့်လာစေပြီး ပိုကောင်းတဲ့ အကျိုးကျေးဇူးတွေကို သုံးစွဲသူတွေရရှိလာစေဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

realme C53 မှာ 5,000mAh ဘက်ထရီကို ထည့်သွင်းပေးပေမဲ့ ဖုန်းရဲ့အထူကတော့ 7.49mm သာရှိတဲ့အတွက် realme က ထုတ်လုပ်ထားတဲ့ စမတ်ဖုန်းတွေထဲမှာ အပါးဆုံးဖုန်းအဖြစ် စံချိန်တင်သွားပြီ ဖြစ်ပါတယ်။

ကင်မရာပိုင်းမှာတော့ 50MP ပင်မကင်မရာနဲ့ အဖြူအမဲ ရိုက်ကူးနိုင်မဲ့ B&W ကင်မရာတွေကို တပ်ဆင်ပေးထားပါတယ်။ အရှေ့ဘက်မှာတော့ 8MP Selfie ကင်မရာကို တပ်ဆင်ပေးထားပါတယ်။ Notch ရဲ့တစ်ဘက်တစ်ချက်မှာ Mini Capsule ကို ထောက်ပံ့ထားတာကြောင့် အမြင်ဆန်းပြီး ခေတ်မီတဲ့ ခံစားချက်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

Mini Capsule ဟာ လက်ရှိအချိန်မှာတော့ ဘက်ထရီအားဝင်တဲ့ စနစ်ကိုပဲ ပြသပေးတာဖြစ်ပေမဲ့ နောက်ပိုင်း OTA (over-the-air update) တွေမှာတော့ Data သုံးစွဲမှုနဲ့ ခြေလှမ်းလှမ်းတဲ့ အချက်အလက်တွေကိုပါ ပြသပေးသွားမယ်လို့ သိရပါတယ်။

realme C53 ရဲ့ မျက်နှာပြင်ဟာ 6.74-inch HD မျက်နှာပြင်ဖြစ်ပြီး 90Hz Refresh Rate ကိုလည်း ထောက်ပံ့ပေးထားတာ ဖြစ်ပါတယ်။ အလင်းအားပမာဏက 450 nits အထိရှိတာကြောင့် ပြင်ပအလင်းရောင်အောက်မှာလည်း ကောင်းကောင်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

realme C53 မှာ Octa-core စွမ်းဆောင်ရည်ရှိ Unisoc T612 chipset ကို တပ်ဆင်ထားပြီး Android 13 အခြေခံထားတဲ့ realme UI T Edition နဲ့ပေါင်းစပ်အသုံးပြုထားတာကြောင့် UI ဟာ ရှင်းလင်းပြီး သုံးစွဲရတာ သွက်လက်ပေါ့ပါးတဲ့ အတွေ့အကြုံကို ရရှိစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် MLBB ဂိမ်းကို Default Setting မှာထားပြီး ချောချောမွေ့မွေ့ကစားနိုင်မှာ ဖြစ်ပါတယ်။

Soce: realme