realme က ဒီလ အစောပိုင်းမှာ C65 4G ကို ကြေညာခဲ့ပြီး အခုတော့ Dimensity 6300 SoC ပါတဲ့ 5G Version ကို ချပြလိုက်ပါတယ်။

Realme C65 5G arrives with Dimensity 6300 SoC, 120Hz screen, and 50MP camera

realme C65 5G ဟာ Dimensity 6300 ပါတဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်ပြီး 6GB RAM နဲ့ 128GB Storage အထိ ထည့်သွင်းထားကာ 2TB microSD Card စိုက်နိုင်ပါတယ်။ Android 14 အခြေပြု realme UI 5.0 မောင်းနှင်ထားပြီး Android OS Update ၂ နှစ်နဲ့ Security Update ၃ နှစ် ရရှိမှာပါ။

Realme C65 5G arrives with Dimensity 6300 SoC, 120Hz screen, and 50MP camera

အဲဒီဖုန်းမှာ 6.67” HD+ 120Hz LCD Display တပ်ဆင်ထားပြီး 615 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ Display အလယ်က Punch Hole မှာ 8MP ကင်မရာ တပ်ဆင်ထားပြီး ပါဝါခလုတ်အောက်မှာ လက်ဗွေရာ ကိရိယာ ထည့်ထားပါတယ်။ အနောက်ဘက်မှာ 50MP Main နဲ့ Flicker Sensor တပ်ဆင်ထားပါတယ်။

15W Charging ပါတဲ့ 5,000mAh Battery ပါလာပြီး IP54 စံနှုန်း၊ USB-C ၊ နားကြပ်ပေါက်နဲ့ microSD Card Slot တပ်ဆင်ထားပါတယ်။ Air Gesture , Mini Capsule 2.0 , Dynamic Button နဲ့ AI Boost စွမ်းရည်တွေ ပါပါတယ်။

Feather Green နဲ့ Glowing Black အရောင်တွေ ထုတ်လုပ်ထားပြီး 4/64GB, 4/128GB နဲ့ 6/128GB ကို ၁၂၅ ဒေါ်လာ၊ ၁၄၀ ဒေါ်လာနဲ့ ၁၅၀ ဒေါ်လာ အသီးသီး သတ်မှတ်ထားပါတယ်။

Ref : gsmarena