realme က တန်ဖိုးနည်း C65 ကို ဗီယက်နမ်မှာ ကြေညာလိုက်ပြီး 90Hz LCD , MediaTek Helio G85 Chipset နဲ့ 50MP Main ကင်မရာတွေ ပါလာပါတယ်။

realme C65 မှာ 6.67” IPS LCD HD+ မျက်နှာပြင် တပ်ဆင်ထားပြီး 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။ Punch Hole မှာ 8MP အရှေ ကင်မရာ တပ်ဆင်ထားပြီး Apple Dynamic Island နဲ့ တူတဲ့ realme Mini Capsule ထောက်ပံ့ထားပါတယ်။ Mini Capsule မှာ သတင်းအချက်အလက်နဲ့ Notification တွေကို ပြသပေးပါတယ်။

Realme C65 announced, 12x hits India

realme က Air Gestures ကို ထောက်ပံ့ထားပြီး ကင်မရာ App ဖွင့်တာ၊ Do Not Disturb Mode ကို ဖွင့်တာတို့ကို ခလုတ် အကြာကြီး ဖိထားတာနဲ့ ပြုလုပ်နိုင်တဲ့ Dynamic Button ထည့်သွင်းထားပါတယ်။

Realme C65 announced, 12x hits India

အနောက်ဘက်မှာ 50MP Main , 2MP Macro နဲ့ LED Flash တွေ တပ်ဆင်ထားပါတယ်။ ကင်မရာတွေကို ဒေါင်လိုက်တပ်ထားတာက Samsung Galaxy S22 နဲ့ ဆင်တူပါတယ်။ Android 14 အခြေပြု realme UI 5.0 မောင်းနှင်ထားပြီး 45W Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါပါတယ်။

Black နဲ့ Purple အရောင်တွေ ထုတ်လုပ်ထားပြီး 6/128GB ကို ၁၄၈ ဒေါ်လာနဲ့ 8/256GB ကို ၁၉၂ ဒေါ်လာ သတ်မှတ်ထားပါတယ်။ realme Vietnam Website မှာ ရောင်းချပေးလိုက်ပြီဖြစ်ပြီး မကြာခင် တခြား နိုင်ငံတွေကို ရောက်လာမှာပါ။

Ref : gsmarena