realme က စမတ်ဖုန်း အသစ် ၁ လုံးကို ဖန်တီးနေပြီး အဲဒါကတော့ C65 ဖြစ်ပါတယ်။ အဲဒီဖုန်းကို FCC, TDRA, SDPPI နဲ့ TUV မှာ မှတ်ပုံတင်ထားပြီး အဲဒီဖုန်းရဲ့ သတင်းအချက်အလက်တချို့ကို အဲဒီ မှတ်ပုံတင်တွေကနေ သိလာရပါတယ်။

Realme C65 certifications reveal battery capacity and fast charging support - GSMArena.com news

realme C65 ရဲ့ Battery ဟာ 5,000mAh ဖြစ်ပြီး အခုခေတ်ထုတ် စမတ်ဖုန်း အများစုမှာလည်း အဲဒီ Battery ပမာဏကို ထည့်သွင်းထားကြပါတယ်။ 45W SuperVOOC Wired Fast Charging ထည့်သွင်းထားပြီး ဒီဈေးတန်းမှာ ဒီလောက် အားသွင်းနှုန်း ထည့်သွင်းထားတာက ကျေနပ်စရာ ဖြစ်ပါတယ်။

Realme C65 Gets FCC Certified; Reveals Battery Capacity, Dimensions Before Launch | MySmartPrice

C65 ရဲ့ မော်ဒယ်နံပါတ်က RMX 3910 ဖြစ်ပြီး 4G ဆက်သွယ်မှုပဲ ပါပါတယ်။ အဲဒါကြောင့်လည်း ဈေးနှုန်း သက်သာမှာ ဖြစ်ပါတယ်။ Android 14 အခြေပြု realme ရဲ့ ကိုယ်ပိုင် Skin ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

ဖုန်းရဲ့ အရွယ်အစား အပြည့်အစုံက 165.66 x 76.1 x 7.64 mm ဖြစ်ပြီး အလေးချိန်က ၁၈၅ ဂရမ် ဖြစ်ပါတယ်။ ပင်မ ကင်မရာမှာ f/1.8 Aperture ထောက်ပံ့ထားမှာ ဖြစ်ပြီး realme C67 နဲ့တူညီပါတယ်။ C65 ဟာ 50MP ပင်မ ကင်မရာ ပါတဲ့ အဲဒီမော်ဒယ်နဲ့ တူညီနိုင်ပါတယ်။ လက်ရှိမှာတော့ C65 အကြောင်း ဒီလောက်ပဲ သိရပါသေးတယ်။ မကြာခင်မှာ အဲဒီဖုန်း အကြောင်း ပိုမို သိလာရနိုင်ပါတယ်။

Ref : gsmarena